Homeပြည်တွင်းသတင်းနေပြည်တော်၊ အေလာလေဆိပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရမှုမှာလေယာဉ်သိုလှောင်ရုံ အဆောက်အဦနဲ့ စစ်သား ၆ ဦးထိခိုက်

နေပြည်တော်၊ အေလာလေဆိပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရမှုမှာလေယာဉ်သိုလှောင်ရုံ အဆောက်အဦနဲ့ စစ်သား ၆ ဦးထိခိုက်

၂၀ ဧပြီ၊ ၂၀၂၅

နေပြည်တော် အေလာ စစ်တပ်လေဆိပ် ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုမှာ လေယာဉ်သိုလှောင်ရုံ အဆောက်အဦ ၁ ခု ထိခိုက် မီးလောင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးထိခိုက်သွားတယ်လို့ Brave Warriors for Myanmar (BWM) က သိရပါတယ်။

နေပြည်တော်က စစ်ကောင်စီရဲ့ ဧလာလေတပ်စခန်းကို ဧပြီလ ၁၈ ရက်၊ ညပိုင်းမှာ Brave Warriors for Myanmar (BWM) က ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

လေဆိပ်ဝန်းထဲက လုံခြုံရေးအဖွဲ့တွေရဲ့ လုံခြုံရေးစောင့်ကြည့်ကင်မရာထိမ်းချုပ်ခန်းရှိရာ အဆောက်အဦးလည်းထိခိုက်ပျက်ဆီးခဲ့ပြီးတပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သလိုယာဉ်ပြေးလမ်းထိပ် လုံခြုံရေးကင်းသားတွေရှိရာ ဆောက်အဦလည်းထိမှန် ပျက်စီး ပြီး လေတပ်အစောင့်ကင်းသား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခြားသတင်းရင်းမြစ်များထံက စုံစမ်းသိရှိရမှုအရ အခုထက်ပိုတဲ့ ပျက်စီးမှုတွေရှိတယ်လို့ သိရပေမယ့် သေချာတဲ့ အချက်အလက်တွေကို ပဲ ထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။

BWM အဖွဲ့ရဲ့ ဦး‌‌ဆောင်မှုနဲ့ Black Leopard အဖွဲ့ က ရှော့တိုက်ဒုံးတွေကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ဘေးကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာတောင် ပြည်သူတွေကို သတ်ဖြတ်ဖို့ အေလာလေတပ်ကို အသုံးပြုနေတာကြောင့် ခုလို လေတပ်နှိမ်နှင်းရေးနှစ်သစ်လက်‌ဆောင်အဖြစ် BWM Mission 33 ကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read