၁၄ မတ်၊ ၂၀၂၅
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၁ ဦး သေဆုံးပြီး လူ ၃၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
မတ်လ (၁၄)ရက် ဒီနေ့နေ့လယ် (၃)နာရီဝန်းကျင်မှာ စစ်ကောင်စီဟာ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက လူစည်ကားရာ စျေးဆိုင်တန်းတွေကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀)ဝန်းကျင် ရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၄)ရက်ကလည်း စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ပါတယ်။
ဓာတ်ပုံ – MDY PDF