Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်မှု အခြေအနေ အားနည်းနေဆဲဖြစ်တယ်လို့ NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းပြော

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်မှု အခြေအနေ အားနည်းနေဆဲဖြစ်တယ်လို့ NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းပြော

၂၁ ဇန်ဝါရီလ ၊ ၂၀၂၅

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်မှုအခြေအနေတွေ အားနည်းနေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန် ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုလိုက်ပါတယ်။

ဆွစ်ဇလန်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ကြီးမှူးကျင်းပသည့် “Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံမှာ အခုလိုပြောဆိုခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ညီလာခံအတွင်းပြောဆိုခဲ့ရာမှာ

“လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများနှင့် ကာကွယ် စောင့် ရှောက်ရေးလုပ်ငန်းစဉ်များ ရှိသော်လည်း မြေပြင်တွင် လုပ်ဆောင်နေသည့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှော က်သူများ၏ အန္တရာယ်ကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှု အခြေအနေများ အားနည်းနေမှုကို” ထောက်ပြပြောဆိုခဲတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများ အထူးကြုံတွေ့နေရတဲ့ မတရားဖမ်းဆီးခံရမှုများ၊ စစ်ဆေးရေးနှင့်ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံ ရမှုအခြေအနေများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ နဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထား ဖိနှိပ်ခံရနေရတဲ့အခြေအနေတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအရေးကို ဥရောပသမဂ္ဂ အဖွဲ့ဝင်များ အထူးအလေးထားလုပ်ဆောင်ရန် နဲ့ ကုလသမဂ္ဂလုပ်ငန်းစဉ်ယန္တရားများတွင်လည်း ကာကွယ်စောင့်ရှောက် မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး အထူးတိုးတက်အောင် လုပ်ဆောင်ပေးဖို့ကိုလည်း ညီလာခံအတွင်း တိုက်တွန်းခဲ့တယ် လို့ဆိုပါတယ်။

အဆိုပါ ညီလာခံကို အင်္ဂလန်နိုင်ငံ မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း (၃) ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာယန္တရားမှ ထိပ်တန်းအရာရှိများ၊ ဥရောပနိုင်ငံအစိုးရများမှ လူ့အခွင့်အရေး ဆိုင်ရာ သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ အထူးတာဝန်ရှိသူများ၊ လူ့အခွင့်အရေးကို အားပေးလုပ် ဆောင်နေသော စီးပွားရေးလုပ်ငန်းရှင်များအပြင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက် သူတွေတက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read