Homeပြည်တွင်းသတင်းနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊အကျဉ်းစခန်းအသီးသီးက အကျဉ်းသား (၁၆၉) ဦးအား NUG လွတ်ငြိမ်းချမ်းသာခွင့်ပြု

နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊အကျဉ်းစခန်းအသီးသီးက အကျဉ်းသား (၁၆၉) ဦးအား NUG လွတ်ငြိမ်းချမ်းသာခွင့်ပြု

၂ ဇန်နဝါရီ၊၂၀၂၄

နှစ်သစ်ကူးအခါမယနေ့ကို အထိမ်းအမှတ်အဖြစ် နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကိုရှေ့ရှုသောအားဖြင့် အကျဉ်းထောင်၊အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/သူ (၁၆၉) ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်နဝါရီလ ၁ ရက်နေ့က ထုန်ပြန် အသိပေးထားပါတယ်။

ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အဆိုပါအကျဉ်း/သူ (၁၆၉) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မခွဲ(၁)အရ စည်းကမ်းသက်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မခွဲ(၁) တွင်အကျုံးမဝင်တဲ့ အကျဉ်းသား/သူ တွေကိုလည်း ၎င်းတို့ ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတစ်ပုံအား လျှော့ပေါကျစေရန် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့လည်း ဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုပေါင်း လက်ရှိအချိန်အထိ ၁၁၆၀ မှုရှိခဲ့ပြီး ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦး ရှိတယ်လို့လည်း NUG ရဲ့ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပြီး စစ်သားစုဆောင်းခံရမှု အများဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ၃၈၄၉ ယောက်၊ မန္တလေးတိုင်း ဒုတိယ အများဆုံးဖြစ်ပြီး ၃၇၀၉ယောက် နဲ့ ဧရာဝတီတိုင်းက တတိယအများဆုံးဖြစ်ပြီး ၃၂၁၄ ယောက်ရှိ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read