Homeပြည်တွင်းသတင်းမန္တလေးမြို့လယ်မှာ ဒေါက်တာတေဇာစန်းနဲ့ပြည်သူတွေ ဆန္ဒထပ်ပြ

မန္တလေးမြို့လယ်မှာ ဒေါက်တာတေဇာစန်းနဲ့ပြည်သူတွေ ဆန္ဒထပ်ပြ

၂၇ အောက်တိုဘာ၊ ၂၀၂၄

အခုရက်ပိုင်းအတွင်း မန္တလေးမြို့လယ်မှာ ဒေါက်တာတေဇာစန်းနဲ့ ပြည်သူတချို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒပြခဲ့ကြတယ်လို့ ဒေါက်တာတေဇာစန်းရဲ့ လူမှုကွန်ယက်မှာ တင်ထားပါတယ်။

“ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်” လို့ ဒေါက်တာတေဇာစန်းက ရေးသားဖော်ပြပါတယ်။

ဒေါက်တာတေဇာစန်းက ဘူးသပိတ်လှုပ်ရှားမှုကို အစွမ်းကုန်အရှိန်တင်ဖို့ တိုက်တွန်းထားပြီး လက်မခံဘူး၊ မပူးပေါင်းဘူး၊ မနာခံဘူး၊ စစ်တပ်ပိုင်ကုန်စည်ဝန်ဆောင်မှုကို မသုံးဘူး စတာတွေအပြင် ရွေးကောက်ပွဲကို လက်မခံဖို့၊ မဲထွက်မပေးဖို့ကိုလည်း ဘူးသပိတ်မှာ ထည့်သွင်း ထိုးနှက်ဖို့ ပြောဆိုပါတယ်။

ဒေါက်တာတေဇာစန်းရဲ့ လူထုလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီး ဒေသခံမန္တလေးမြို့ခံတစ်ဦးက “မြို့က လုံခြုံရေးတင်းကြပ်ထားတော့ တအားအန္တရာယ်များပါတယ်။ ဒေါက်တာဇော်မြင့်အောင်နာရေးအပြန်တောင် ဖမ်းတဲ့လူတွေ ရှိတယ်။ ဆရာ့အနေနဲ့ မိသွားရင် ဒီကောင်တွေလက်ထဲ မစားသာဘူး။ သွေးမအေးဖို့ စွန့်စားနေရတာကိုလည်း နားလည်ပါတယ်” လို့ New Day Myanmar ကို ပြောပါတယ်။

Photo – Dr. Tayzar San’s fb post

ဆက်စပ် သတင်းများ

Most read