Homeပြည်တွင်းသတင်းဒေါက်တာဇော်မြင့်မောင်ကွယ်လွန်မှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်

ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်မှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်

၈ အောက်တိုဘာ၊ ၂၀၂၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်တဲ့အတွက် စိတ်ထိခိုက်ရကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ မြန်မာနဲ့ အမေရိကန်နှစ်နိုင်ငံအကြား နားလည်မှုတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့အတွက် အရေးပါသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးမှာ စစ်အာဏာရှင်အစိုးရက အကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ကာလအတွင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးပြသနာတွေ ပိုမိုဆိုးရွားလာခြင်းအပေါ် အမေရိကန်အစိုးရက အထူးစိုးရိမ်ပူပန်ခံရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀မှ ၂၀၀၉ အထိ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းချခံခဲ့ရတဲ့သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ကွယ်လွန်မှုဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေအတွက် စွန့်လွှတ်မှုတွေကို အမှတ်ရစေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဟာ နိုင်ငံရေးဖြစ်စဉ်တွေမှာ လွတ်လပ်စွာ ပါဝင်နိုင်ရမယ်လို့ ဖော်ပြပြီး တိုင်းပြည်အနာဂတ်အတွက် ပြည်သူတွေကို လွတ်လပ်စွာပြောဆိုခွင့်ကို လေးစားပေးမှသာ မြန်မာနိုင်ငံအကြပ်အတည်းက ဖြေရှင်းနိုင်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

မတရားဖမ်းဆီးထားသူများကို ချက်ခြင်းလွှတ်ပေးဖို့၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ဖို့နဲ့ သက်ဆိုင်သူတွေအားလုံးကို အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စစ်ကောင်စီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းပြောဆိုသွားပါတယ်။

ဆက်စပ် သတင်းများ

Most read