Homeပြည်တွင်းသတင်းအမေရိကန်ဆီက နှစ်စဉ် ဘဏ္ဍာရေး အကူအညီ သန်း ၂၀၀ရတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက် တပ်ဖွဲ့ကို အသရေဖျက်တာ ဖြစ်တယ်လို့ MNDAA ပြော

အမေရိကန်ဆီက နှစ်စဉ် ဘဏ္ဍာရေး အကူအညီ သန်း ၂၀၀ရတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက် တပ်ဖွဲ့ကို အသရေဖျက်တာ ဖြစ်တယ်လို့ MNDAA ပြော

၂၈ စက်တင်ဘာ၊ ၂၀၂၄

အမေရိကန်ပြည်ထောင်စုဆီက နှစ်စဉ် ဘဏ္ဍာရေး အကူအညီ သန်း ၂၀၀ ရရှိတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ မှားယွင်းတဲ့ ဝါဒဖြန့်မှုဖြစ်ပြီး တပ်ဖွဲ့ကို အသရေဖျက်မှုတစ်ခုဖြစ်တယ်လို့ MNDAA က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်က MNDAA ၊ TNLA ၊ NUG တို့ စစ်ရေး မဟာမိတ် ဖွဲ့ပြီး တိုက်ခိုက်နေကြောင်း၊ NUG သည် အမေရိကန်ရဲ့ အထောက်အပံ့ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိနေပြီး အမေရိကန်မှ မြန်မာ့ပြည်တွင်းရေး မတည်မငြိမ် ဖြစ်စေဖို့ နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ သုံးစွဲနေ သည်မှာ ထင်ရှားကြောင်း စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို ထုတ်ပြန် စွပ်စွဲချက်ဟာ စစ်ကောင်စီရဲ့ မှားယွင်းတဲ့ ဝါဒဖြန့်မှု တစ်ခုဖြစ်ပြီး MNDAA တပ်ဖွဲ့ ကို အသရေဖျက်မှုတစ်ရပ်သာဖြစ်ကြောင်း၊ MNDAA စစ်တပ်အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ဆက်ဆံမှုမျိုး တစ်ခါမှ မရှိခဲ့ကြောင်း၊ ထို့အပြင် အမေရိကန်ပြည် ထောင်စုထံမှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ငွေကြေးအကူအညီ ရရှိခဲ့ခြင်း မည်သည့်အခါမျှ မရှိ ကြောင်း ထုတ်ပြန် ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းတပ်တွေက အထူးအုပ်ချုပ်ခွင့်ရဒေသ အပေါ် ပိတ်ဆို့မှုအရေးယူမှုတွေ တိုးမြှင့်နိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေကို ဝါဒဖြန့်ဖို့ ကြိုးစားလှုံ ဆော်မှုတစ်ခုဖြစ်ပြီး MNDAA တပ်ဖွဲ့အနေနဲ့ အမေရိကန်လိုလားတဲ့ အဖွဲ့အစည်းအဖြစ် ကောလဟာလ လိမ်လည်လှည့်ဖြားဖို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

Photo – The KoKang

ဆက်စပ် သတင်းများ

Most read