Homeပြည်တွင်းသတင်းမြန်မာ့အရေးအထူးကိုယ်စားလှယ် Julie Bishop နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Linda Thomas Greenfields တို့ မြန်မာ့အရေးကို...

မြန်မာ့အရေးအထူးကိုယ်စားလှယ် Julie Bishop နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Linda Thomas Greenfields တို့ မြန်မာ့အရေးကို သီးသန့်တွေ့ဆုံဆွေးနွေး

၃၁ မေ၊ ၂၀၂၄

ကုလသမဂ္ဂ မြန်မာ့အရေးအထူးကိုယ်စားလှယ် Julie Bishop နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံ အမတ် ကြီး Linda Thomas Greenfield တို့ မေလ ၂၉ ရက်နေ့က သီးသန့်တွေ့ဆုံပြီး မြန်မာနိုင်ငံအရေး နဲ့ပတ်သတ်ပြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန် အစိုးရဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Julie Bishop နဲ့ တွေ့ဆုံခဲ့ကြောင်း၊ ကုလ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတဲ့အကြမ်းဖက်မှုတွေနဲ့ ရက်စက်ကြမ်း ကြုတ်မှု တွေနဲ့ပတ်သတ်တဲ့အစီရင်ခံစာတွေအကြောင်း ထုတ်ဖော်ဆွေးနွေးလိုက်ပါတယ်။

အထူးကိုယ်စားလှယ် Julie Bishop က အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု တွေနဲ့ပတ်သတ်ပြီး ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပြီး ကုလသမဂ္ဂအနေနဲ့ ညီညွတ်ရေးရဖို့ ဒီပဋိပ ကမှာ ပါဝင်နေတဲ့အဖွဲ့အားလုံးကို ညှိနှိုင်းပြီး ချဉ်းကပ်သွားမယ့် နည်းဗျူဟာကို အကောင် အထည်ဖော်သွား မယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

မြန်မာ့အရေးအထူးကိုယ်စားလှယ်နဲ့ ကုလအမေရိကန်သံအမတ်ကြီးတို့ နှစ်ဦးလုံးက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ၊ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့၊ စစ်မှုထမ်းဥပဒေနဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ လူနည်းစုတိုင်းရင်းသားတွေကို စစ်သားအဖြစ် အတင်းအဓမ္မစု ဆောင်းခြင်းကို အဆုံးသတ်ဖို့ အာဆီယံအပါအဝင် ဒေသတွင်းက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အလေးပေးဆွေးနွေးခဲ့ကြပါတယ်။

ဆက်စပ် သတင်းများ

Most read