Homeပြည်တွင်းသတင်းဒေါက်တာ ဇော်ဝေစိုးကို NUG ကျန်းမာရေးဝန်ကြီးအဖြစ် ကုလသမဂ္ဂဖိတ်ကြား

ဒေါက်တာ ဇော်ဝေစိုးကို NUG ကျန်းမာရေးဝန်ကြီးအဖြစ် ကုလသမဂ္ဂဖိတ်ကြား

၂၃ စက်တင်ဘာ၊ ၂၀၂၄

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကို ဖိတ်ကြားကြောင်း သိရပါတယ်။

လက်ရှိကျင်းပနေတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ အစည်းအဝေးတွေကို တက်ရောက်ဖို့၊ Community Health နဲ့ ဆိုင်တဲ့ ကျန်းမာရေးကိစ္စတွေကို ဆွေးနွေးဖို့ NUG အစိုးရ ရဲ့ ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာ ဇော်ဝေစိုး ကို ကုလသမဂ္ဂအဖွဲ့ကြီးက တရားဝင်ဖိတ်ကြားတာ ဖြစ်ပါတယ်။

မနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ဆက်စပ်တဲ့အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ရခဲ့ပေမဲ့ အစိုးရတစ်ရပ်ရဲ့ ကျန်းမာရေးဝန်ကြီးတစ်ယောက်အနေနဲ့ဖိတ်ကြားခံရတာမဟုတ်ဘဲ အင်္ဂလန်နိုင်ငံ UHC ကော်မရှင်နာအဖြစ် ဖိတ်ကြားခံရတာ ဖြစ်ပါတယ်။

“ကျနော်ရောက်နေတာကတော့ UNCA Side Line အစည်းတခုကို လာတက်တာပါ။ ကုလသမဂ္ဂ ညီလာခံနဲ့တွဲပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Side Line အစည်းအဝေးကို လာတက်တာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ တော်လှန်ရေးအနေနဲ့ပေါ့ ဂုဏ်ယူစွာနဲ့ ပြောရရင်တော့ ကျန်းမာရေးဝန်ကြီးဆိုတဲ့ ကျနော့်နာမည်နဲ့ ဖိတ်လို့လာတက်တာ ဖြစ်ပါတယ်” လို့ ဒေါက်တာ ဇော်ဝေစိုးက ပြောကြားခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။

ဒေါက်တာ ဇော်ဝေစိုးဟာ တော်လှန်ရေးနယ်မြေတွေမှာ Community Health Worker သင်တန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ဖွင့်လှစ် ဆောင်ရွက်ပေးနေတာပါ။ စက်တင်ဘာ ၂၁ မှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ပြီး ထားရှိဖို့ တောင်းဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲကိုလည်း NUG ကျန်းမာရေးဝန်ကြီးတစ်ဦးအနေနဲ့ တက်ရောက်ပြီး အမှာစကား ပြောခဲ့ပါတယ်။

ပုံစာ – စက်တင်ဘာလ ၂၁ရက်က ဆန္ဒထုတ်ဖော်ပွဲမှာ မြင်ရတဲ့ ဒေါက်တာ ဇော်ဝေစိုး

Photo – NYCBC

ဆက်စပ် သတင်းများ

Most read