Homeပြည်တွင်းသတင်းစိုးရိမ်ကြောင်းထုတ်ပြန်ရုံဖြင့် စစ်တပ်၏ တိုက်ခိုက်မှုကို မဟန့်တားနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် တင်ပြတောင်းဆို

စိုးရိမ်ကြောင်းထုတ်ပြန်ရုံဖြင့် စစ်တပ်၏ တိုက်ခိုက်မှုကို မဟန့်တားနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် တင်ပြတောင်းဆို

၂၃ မေ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး နိုင်ငံတကာက စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ရုံနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားတွေအပေါ် ကျူးလွန်မှုတွေကို မဟန့်တားနိုင်တာကြောင့် ထိရောက်ပြတ်သားတဲ့ အရေးယူမှုတွေကို ချက်ချင်းလုပ်ဆောင်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြတောင်းဆိုလိုက်ပါတယ်။

နယူးယောက်မြို့မှာ ကျင်းပတဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေး သီတင်းပတ်ဆွေးနွေးပွဲမှာ သံအမတ်ကြီးက အဓိကအချက် ၃ ချက်ကို အလေးပေး တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီအချက် ၃ ချက်မှာ လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက်သစ်တစ်ရပ် ချမှတ်ကာ စစ်ကော်မရှင်ဆီကို လက်နက်၊ စစ်လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီ စီးဆင်းမှုတွေကို အမြန်ဆုံး တားဆီးပေးဖို့၊ မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးကာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်ပေးဖို့နဲ့ စစ်အုပ်စုရဲ့ အမည်ခံပြောင်းလဲမှုတွေကို အာရုံမစိုက်ဘဲ မြန်မာပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEFU) နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့တို့ ပါဝင်ပါတယ်။

အခု ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ကမ္ဘာပေါ်မှာ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုအသစ်တွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံအပါအဝင် ၅ နိုင်ငံကြောင့် ဖြစ်ပေါ်နေရပြီး မြန်မာပြည်သူ ၈,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ ၃.၆ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း၊ လူဦးရေ ၂၂ သန်းနီးပါးဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သံအမတ်ကြီးရဲ့ တင်ပြမှုနဲ့အတူ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၈၈ နိုင်ငံတို့ကလည်း အရပ်သားတွေကို ကာကွယ်ပေးရေး၊ လူသားချင်းစာနာမှု အကူအညီတွေကို အဟန့်အတားမရှိ ပေးအပ်နိုင်ရေးနဲ့ ကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ဖော်ဆောင်ရေး စတဲ့အချက်တွေ ပါဝင်တဲ့ ပူးတွဲကတိကဝတ်တစ်ရပ်ကို မေလ ၂၁ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး