Homeပြည်တွင်းသတင်းဩဂုတ်လအတွင်း စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှု ၆၂၀ ကျူးလွန်ပြီး တရားမဲ့သတ်ဖြတ်မှု ၁၁၃မှုအထိ ရှိခဲ့တယ်လို့ NUG ထုတ်ပြန်

ဩဂုတ်လအတွင်း စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှု ၆၂၀ ကျူးလွန်ပြီး တရားမဲ့သတ်ဖြတ်မှု ၁၁၃မှုအထိ ရှိခဲ့တယ်လို့ NUG ထုတ်ပြန်

၂၀ စက်တင်ဘာ၊ ၂၀၂၄

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ စစ်ကောင်စီဘက်က လူ့အခွင့်အရေးချိုးဖောက်မှု ၆၂၀ ကျူးလွန်ခဲ့ပြီး တရားမဲ့သတ်ဖြတ်မှု ၁၁၃ မှုအထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ လူ့

အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ ၁၀၂ မှု ၊ ပဲခူးတိုင်းမှာ ၉၂ မှု ၊ မန္တလေးတိုင်းမှာ ၈၅မှု တို့နဲ့ အများဆုံး ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ မကွေးတိုင်းမှာ ၇၃ မှု၊ စစ်ကိုင်းတိုင်းမှာ ၆၂ မှုနဲ့ ရှမ်းပြည်နယ်မှာ ၅၁ မှုထိ ရှိနေပြီး ကျန်တဲ့ပြည်နယ်နဲ့တိုင်းတွေမှာလည်း နေရာအနှံ့ကျူးလွန်ခဲ့ပါတယ်။

ဩဂုတ်လအတွင်းမှာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို စစ်ကောင်စီက လေကြောင်းက ၂၂ ကြိမ်စီအထိ တိုက်ခိုက်ခဲ့ပါတယ်။ မန္တလေးတိုင်းကို အကြိမ် ၂၀ ၊ စစ်ကိုင်းတိုင်းကို ၁၅ ကြိမ်၊ မကွေးတိုင်းကို ၁၃ ကြိမ် နဲ့ ကျန်ဒေသတွေကိုလည်း ရန်ကုန်၊ ဧရာဝတီနဲ့ ကရင်နီဒေသကလွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဩဂုတ်လအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ် ၁၀၆လုံး ၊ စာသင်ကျောင်း ၁၄ကျောင်း ၊ ဘာသာရေးအဆောက်အအုံ ၁၅ခု နဲ့ ဆေးရုံ ၃ခု ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဩဂုတ်လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၃၂ ဦးနဲ့ ဒဏ်ရာရသူ ၁၆၁ ဦး ရှိခဲ့ပါတယ်။

တစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရပြီး အစုလိုက်အပြုံလိုက်အသတ်ခံရမှုကြောင့် သေဆုံးသူ ၄၀၆ ဦး ရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက်အသတ်ခံရမှုကြောင့် တစ်လအတွင်းသေဆုံးသူ ၃၄၇ ဦးထိ ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လအတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Photo – MOHR – NUG

ဆက်စပ် သတင်းများ

Most read