Homeပြည်တွင်းသတင်းအမေရိကန်ရောက် ချင်းလူငယ်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရမှုကိုတရားခံဖမ်းမိတော့မယ်လို့ ဒေသခံ ရဲတပ်ဖွဲ့ပြော

အမေရိကန်ရောက် ချင်းလူငယ်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရမှုကိုတရားခံဖမ်းမိတော့မယ်လို့ ဒေသခံ ရဲတပ်ဖွဲ့ပြော

၁၉ စက်တင်ဘာ၊ ၂၀၂၄

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ အင်ဒီယာနာပိုလစ်မြို့ ၊ မော်ဂန်ကောင်တီက ချင်းလူမျိုး ရွှေ့ပြောင်းနေထိုင်သူ အများစုပါ၀င်တဲ့ ပါတီပွဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးရွှေ့ပြောင်း ချင်းလူငယ် ဆယ်ကျော် သက်တစ်ဥိးဟာ သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၄ရက် မနက်အစောပိုင်းက ပြည်နယ်လမ်း ၁၄၂ နဲ့ ၃၉ လမ်းဆုံနားမှာ လမ်းနဲ့ မိုင်၀က်အကွာက နေအိမ်မှာ သောင်သဆန် ၁၈ နှစ် ကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီး တရားခံကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာမှာ ပါတီတခုလုပ်ခဲ့ပြီး လူအများအပြား လာရောက်ကာ ပဋိပက္ခ ဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

911 ကို စက်တင်ဘာ ၁၅ရက်မှာ ဖုန်းခေါ်ဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းဌာနတွေကို ပြောပါတယ်။ ပါတီကို လာရောက်သူတွေထဲက ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဘာသာစကားအခက်အခဲကြောင့် မေးမြန်းရခက်နေတယ်လို့ မော်ဂန်ကောင်တီ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Myer က ဆိုပါတယ်။

ဒါပေမဲ့ စကားပြန်လုပ်ပေးမဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်နေပြီး မကြာမီ တရားခံကို ဖမ်းမိတော့မယ်လို့ ဆိုပါတယ်။

Photo – Indiana Chin Community

ဆက်စပ် သတင်းများ

Most read