Homeနိုင်ငံတကာသတင်းရေဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ရေး ထိုင်း - မြန်မာနယ်စပ်အထိ လာရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်

ရေဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ရေး ထိုင်း – မြန်မာနယ်စပ်အထိ လာရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်

၁၄ စက်တင်ဘာ၊ ၂၀၂၄

ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝတ်ထရာဟာ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးအတွက် ထိုင်း – မြန်မာနယ်စပ် တံတားအထိ လာရောက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

သူဟာ မြန်မာ – ထိုင်း ချစ်ကြည်ရေးအမှတ် ၁ တံတား အထိ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ရောက်ရှိလာပြီး တံတားပေါ်ကနေ မယ်ဆိုင်ချောင်းရေဖုံးလွှမ်းခဲ့မှုအား ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပြီး အကူအညီပေးရေးအတွက် အသုံးစရိတ်တွေ မြန်ဆုံးချပေမယ်လို့ ပြည်သူတွေကို ကတိစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်-မယ်ဆိုင်အကြား အဆိုးရွားဆုံး ရေဖုံးလွှမ်းမှု ကို ထိုင်းတော်ဝင်တပ်မတော်က ရဟတ်ယာဉ်နဲ့ စားစရာတွေ ပေးဝေတာအပြင် မြေပြင်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဓါတ်ပုံ – The nation

ဆက်စပ် သတင်းများ

Most read