Homeနိုင်ငံတကာသတင်းယူကရိန်းက ရုရှားလေတပ်စခန်းတွေကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်နေ

ယူကရိန်းက ရုရှားလေတပ်စခန်းတွေကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်နေ

ကိယက်ဖ်၊ ဩဂုတ် ၁၅

ယူကရိန်းက ရုရှားလေတပ်စခန်းတွေကို အကြီးမားဆုံး မောင်းသူမဲ့လေယာဉ်တွေနဲ့ စပြီး တိုက်ခိုက်နေတယ်လို့ ဩဂုတ်လ ၁၅ ရက်နေ့ ကမ္ဘာ့သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ယူကရိန်းဒရုန်းတွေဟာ ရုရှားလေတပ်စခန်းလေးခုကို ဗုဒ္ဓဟူးနေ့ ဩဂုတ် ၁၅ရက်နေ့မှာ ပစ်မှတ်ထားတိုက် ခိုက်ခဲ့တာဖြစ်ပြီး ကိယက်ဗ်တပ်တွေက ရုရှားနိုင်ငံထဲကို အံ့အားသင့်လောက်စရာ နယ်စပ်ဖြတ်ကျော်ကျူး ကျော်ဝင်ရောက်ပြီးတိုက်ခိုက်ခဲ့တာ ဖြစ်လို့ ကရင်မလင်နန်းတော်ကို အရှက်ရစေတဲ့ အပြင် ရှုပ်ယှက်ခတ် သွား စေခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံတောင်ပိုင်းမှာ ရုရှားစစ်သားတွေကိုတိုက်ခိုက်အပြီး သမ္မတ ဇလန်းစကီးက ရုရှားတိုက် လေယာဉ် တစ်စင်းကို ဖျက်ဆီးခဲ့တဲ့ အကြောင်း ဗွီဒီယိုမိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ် “တိကျတယ်၊ အချိန်မီပြီး ထိရောက် တယ်” လို့လည်း ပြောပါတယ်။ တိုက်ခိုက်မှုတွေအတွက် ယူကရိန်း စစ်တပ်ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ယူကရိန်းဒရုန်းတွေဟာ လုပ်သင့်သလောက် အတိအကျ လုပ်ဆောင်ပါတယ်။ ဒါပေမယ့် ဒရုန်းတစ်ခုတည်းနဲ့ မလုပ်ဆောင်နိုင်တဲ့ အရာတွေ ရှိပါတယ်” လို့လည်း ဇလန်းစကီးက ပြောပါတယ်။

လက်ရှိ ယူကရိန်းရဲ့ ရုရှားနယ်မြေထဲကို ဝင်ပြီး ထိုးစစ်ဆင်တာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ သောင်းနဲ့ချီတဲ့ ရုရှားနိုင်ငံသားတွေ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရတယ်လို့လည် သိရပါတယ်။

Ref: CNN

ဆက်စပ် သတင်းများ

Most read