Homeနိုင်ငံတကာသတင်းခိုင်မာတဲ့ ထောက်ခံမှုကို ရထားတယ်လို့ ကာမလာ ဟားရစ်စ် က ထုတ်ပြော

ခိုင်မာတဲ့ ထောက်ခံမှုကို ရထားတယ်လို့ ကာမလာ ဟားရစ်စ် က ထုတ်ပြော

ဝါရှင်တန်၊ ဇူလိုင် ၂၃

လာမယ့် နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီရဲ့ အမည်စာရင်းတင်သွင်းသူဖြစ်လာဖို့ လိုအပ်တဲ့ ထောက်ခံမှုရထားတယ်လို့ လက်ရှိ အမေရိကန်ဒုတိယသမ္မတ ကာမလာ ဟားရစ်စ်က တနင်္လာနေ့ (ဇူလိုင် ၂၂ ရက်) နှောင်းပိုင်းက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

“မကြာခင်မှာ အဆိုပြုလွှာကို တရားဝင်လက်ခံဖို့ မျှော်လင့်နေပါတယ်” ဆိုပြီး ဟားရစ်စ်က ကြေငြာချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် သူက ” ဒီနေ့ည၊ ကျမတို့ပါတီရဲ့ ဆန်ခါတင်စာရင်းဝင်ဖြစ်ဖို့ လိုအပ်ချက်အဖြစ် ကျယ်ပြန့်တဲ့ ပံ့ပိုးကူညီမှု‌‌ကို ရယူနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်” ဆိုပြီး ပြောဆို့ခဲ့ပြန်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က သူ့အသက်အရွယ်နဲ့ ကျန်းမာရေးဆိုင်ရာ မေးခွန်းထုတ်ခံရတာ‌တွေ ပြီးတဲ့နောက် ရွေးကောက်ပွဲကနေ နုတ်ထွက်ချိန်မှာ သူရထားတဲ့ သူအပေါ်ထောက်ခံမှုတွေကို ဟားရစ်စ်ကို အကုန် ပုံအောပေးခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ သက်တမ်းကုန်ဆုံးချိန်အထိ သမ္မတအဖြစ် ဆက်ရှိနေဖို့ကို သမ္မတ ဘိုင်ဒန်ကတိပြုခဲ့တယ်လို့ သိရပါတယ်။

Ref: CNN

ဆက်စပ် သတင်းများ

Most read