Homeပြည်တွင်းသတင်းအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်ကို နယူးဒေလီရောက် မြန်မာဒုက္ခသည်တွေ ဆန့်ကျင်ကန့်ကွက်မည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အိန္ဒိယခရီးစဉ်ကို နယူးဒေလီရောက် မြန်မာဒုက္ခသည်တွေ ဆန့်ကျင်ကန့်ကွက်မည်

၂၈ မေ ၂၀၂၆ | New Day Myanmar

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အပေါ် နယူးဒေလီမြို့ရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေက လူထုအင်အားနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

အဲဒီ ဆန္ဒပြလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရထံ တရားဝင်ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နယူးဒေလီအခြေစိုက် Burma House–New Delhi အဖွဲ့က မေ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးသော နိုင်ငံတကာခရီးစဉ်တစ်ခုအဖြစ် အိန္ဒိယနိုင်ငံကို လာရောက်ဖို့ ပြင်ဆင်နေတဲ့အပေါ် အခုလို လူထုလှုပ်ရှားမှုတွေနဲ့ တုံ့ပြန်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

ဒေလီရောက် မြန်မာဒုက္ခသည်တွေဟာ စစ်ကော်မရှင်ရဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေဖြစ်ပြီး ပြည်တွင်းတော်လှန်ရေးနဲ့အတူ တစ်သားတည်း ရပ်တည်နေကြတယ်လို့လည်း ဆိုပါတယ်။

ဆန့်ကျင်ကန့်ကွက်ပွဲကို မေ ၂၈ ရက် ဒီနေ့မှာ နယူးဒေလီရှိ Jantar Mantar မှာ ပြုလုပ်သွားမှာဖြစ်ပြီး မေ ၃၀ ရက်နေ့မှာတော့ နယူးဒေလီရှိ မြန်မာသံရုံးရှေ့မှာ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။ လှုပ်ရှားမှုတွေကို ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပသွားမှာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအရှိန်အဟုန် ပိုမိုအားကောင်းလာစေရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ မြန်မာသတင်းမီဒီယာတွေအနေနဲ့လည်း အခုလှုပ်ရှားမှုကို ဝိုင်းဝန်းဖော်ပြပေးကြဖို့ Burma House–New Delhi က တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး