အမေရိကန်က ဗင်နီဇွဲလားနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုတွေ အများအပြား စတင်လုပ်ဆောင်လိုက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါတယ်။
ဒီနေ့မနက် ၂ နာရီခန့်က ဗင်နီဇွဲလားမြို့တော် Caracas အနီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပြီး စစ်တပ်အခြေစိုက်စခန်းနားမှာ မီးခိုးတွေအများအပြားတက်နေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရမှာ တွေ့ရပါတယ်။ အမေရိကန် လေယာဉ်လို့ ယူဆရတဲ့ လေယာဉ်တွေ အနိမ့်ပျံသန်းနေတာကို
ဒီတိုက်ခိုက်မှုဟာ ရုရှားလုပ် S-300VM “Antey-2500” လေကြောင်းရန် ကာကွယ်ရေးစနစ်တခုလုံး တိုက်ခိုက်ခံလိုက်ရတဲ့ အခြေအနေရှိတယ်လို့ စစ်ရေးလေ့လာသူများက သုံးသပ်ထားပြီး ဗင်နီဇွဲလားရဲ့ လေကြောင်းကာကွယ်ရေး ကွန်ရက်ကို အဓိကဖြတ်တောက်ရန် ရည်ရွယ်ပုံရပြီး အခြေအနေမှာ အလွန်တင်းမာနေတယ်လို့ သိရပါတယ်။
ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးရဲ့ နေအိမ်ကိုလည်း အမေရိကန်က လေကြောင်းက တိုက်ခိုက်ချေမှုန်းလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသော်လည်း ထိခိုက်သေဆုံးမှု စာရင်းကို အတည်မပြုနိုင်သေးပါဘူး။
ဗင်နီဇွဲလားနိုင်ငံက လုပ်ဆောင်နေတဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြေပြင်တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ မကြာသေးမီကပြောထားပါတယ်။
ဗင်နီဇွဲလား အစိုးရက နိုင်ငံတော်ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပါတယ်။


