Homeပြည်တွင်းသတင်းစစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာ ကို လေကြောင်းက ဗုံးကြဲ၊ ပြည်သူ ၃ ဦးသေဆုံး

စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာ ကို လေကြောင်းက ဗုံးကြဲ၊ ပြည်သူ ၃ ဦးသေဆုံး

၁၉ နိုဝင်ဘာ ၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ ည ၈ နာရီခန့် က ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်ရှိ အလယ်ရွာသစ်ကျေးရွာ နဲ့ တောင်ငူကျေးရွာကို စစ်ကော်မရှင်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အလယ်ရွာသစ်ကျေးရွာက အပြစ်မဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောင်ငူကျေးရွာရှိ အထက်တန်းကျောင်းသူအရွယ် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၃ ဦးတို့မှာလည်း အပြင်းစား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် အလယ်ရွာသစ်ကျေးရွာရှိ အခြေခံပညာမူလတန်း စာသင်ကျောင်း ၁ ကျောင်း၊ တောင်ငူကျေးရွာရှိ အခြေခံပညာ အလယ်တန်း စာသင်ကျောင်း ၁ ကျောင်းနဲ့ အရပ်သား လူနေအိမ် ၁ လုံးတို့မှာလည်းဗုံးထိမှန်မှုကြောင့် ပျက်စီးခဲ့ရပါတယ်။

စစ်ကော်မရှင်ဟာ ကျောက်ဖြူမြို့နယ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်လာနေတာကြောင့် လေကြောင်းရန်ကို ပိုမိုသတိထားကြဖို့ အာရက္ခတပ်တော် (AA) က သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး