Homeပြည်တွင်းသတင်းစစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင် ပယ်ချခံရ

စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင် ပယ်ချခံရ

၂၅ အောက်တိုဘာ ၂၀၂၅

စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ပြည်သူရှေ့ဆောင်ပါတီ (PPP) ပါတီရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင်ဟာ ရွေးကောက်ပွဲယှဥ်ပြိုင်ခွင့်ရအမတ်လောင်းစာရင်းမှာ မပါဝင်လာဘဲ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချထားတာကိုတွေ့ရပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်းက နိုင်သူအကုန်ယူ (FPTP)စနစ်ရဲ့ အမှတ် ၂ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာဝင်ပြိုင်မယ်လို့ ကနဦးကပြောထားပေမယ့် ရန်ကုန်တိုင်းရဲ့တခြားလွှတ်တော်မဲဆန္ဒ နယ်တွေမှာပါ သူ့နာမည်ကိုမတွေ့ရတာဖြစ်ပါတယ်။

ဒါအပြင် အဲဒီမဲဆန္ဒနယ်စာရင်းမှာ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းပါဝင်လာတာမတွေ့ရဘဲ ပြိုင်ဘက်ပါတီတွေရဲ့ အမတ်လောင်းစာရင်းတွေကိုပဲ တွေ့ရပါတယ်။

New Day Myanmar က ပြည့်သူ့ရှေ့ဆောင်ပါတီကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမျိုးမရှိခဲ့ဘူး။

ဒေါ်သက်သက်ခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် က အမတ်ဟောင်းတဦးဖြစ်ပြီး ၊ စစ်ကော်မရှင်လက်ထက်မှာလဲ ပြည်ထောင်စုဝန်ကြီးဌာန နှစ်နေရာကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဟူမဟာ ၂၀၂၀ရွေးကောက်ပွဲမှာ PPP ပါတီကို တည်ထောင်ပြီး ဝင်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

ဓာတ်ပုံ-PPP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး