Homeပြည်တွင်းသတင်းဗုဒ္ဓဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ကျင်းပနေတဲ့ကာလမှာ စစ်ကော်မရှင်တိုက်ခိုက်မှုတွေကို ရှုတ်ချတယ်လို့ သြစတြေးလျ သံရုံးထုတ်ပြန်

ဗုဒ္ဓဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ကျင်းပနေတဲ့ကာလမှာ စစ်ကော်မရှင်တိုက်ခိုက်မှုတွေကို ရှုတ်ချတယ်လို့ သြစတြေးလျ သံရုံးထုတ်ပြန်

၁၀ အောက်တိုဘာ ၂၀၂၅

ဗုဒ္ဓဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ကျင်း ပနေတဲ့ကာလမှာ မြန်မာစစ်ကော်မရှင်ရဲ့ ပြည်သူလူထုအ‌‌ပေါ် တိုက်ခိုက်ခြဲတာတွေကို ရှုတ်ချတယ်လို့ သြစတြေးလျသံရုံးထုတ်ပြန်အသိပေးထားပါတယ်။

မြန်မာ စစ်တပ်အနေနဲ့ အကြမ်းဖက်တာတွေကိုချက်ချင်းရပ်တန့်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အတား အဆီးမရှိ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်ဖို့၊ မတရားထိန်းသိမ်းခံထားရတဲ့အကျဥ်းသားတွေကိုလွှတ်ပေးဖိုနဲ့အားလုံးပါဝင်တဲ့ဆွေးနွေးတာတွေလုပ်ဆောင်ဖို့ တောင်းဆိုတယ်လို့ တဆက်တည်း အသိ ပေးထားပါတယ်။

ဒါ့အပြင် ဩစတြေးလျအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူတကွ ဆက်လက်ရပ်တည်လျက်ရှိတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်းကျွတ်အခါရက် ကာလအတွင်းမှာ စစ်‌မကော်မရှင်ဟာ ရှမ်းပြည် နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်းနဲ့ ပဲခူးတိုင်းအတွင်းက ရပ်ရွာတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံး ကြဲ
ခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး