Homeပြည်တွင်းသတင်းထားဝယ်မြို့နယ် နှစ်ရက်ကြာ တိုက်ပွဲအတွင်းစစ်ကော်မရှင် ဒုတိယဗိုလ်မှူးကြီး ၁ ဦးအပါ ၅ ဦးထိခိုက်ဒဏ်ရာရပြီး ၊၇ ဦးသေဆုံး

ထားဝယ်မြို့နယ် နှစ်ရက်ကြာ တိုက်ပွဲအတွင်းစစ်ကော်မရှင် ဒုတိယဗိုလ်မှူးကြီး ၁ ဦးအပါ ၅ ဦးထိခိုက်ဒဏ်ရာရပြီး ၊၇ ဦးသေဆုံး

၂၁ စက်တင်ဘာ ၂၀၂၅

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ရက်ကြာတိုက်ပွဲအ တွင်း စစ်ကော်မရှင်ဘက်က ဒုတိယဗိုလ် မှူးကြီး ၁ ဦးအပါ ၅ ဦးထိခိုက်ဒဏ်ရာရပြီး ၊ ၇ ဦးသေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းရဲ့မနေ့က စက်တင်ဘာ ၂၀ရက် မှာ ထုတ်ပြန်လာပါတယ်။

တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့သူတွေဟာ တပ်ကြပ်ကြီးအဆင့်ရှိ ၂ ဦးအပါ ၇ ဦး ဖြစ်ပြီး၊ စင်တင်ဘာ ၁၄ရက်နေ့မှာ ထား ဝယ်-ထီးခီးလမ်းပေါ်က ပကာရီကျေးရွာ ယက္ကန်းစင်ဘုန်းကြီးကျောင်းအတွင်းမှာ ယာယီတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတချို့လည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း MA 1 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ 79 ၂ လုံး၊ ၆၀ မမ ၂ လုံး နဲ့ 5.56 ကျည် ၂၀၀ တောင့်တို့ကို သိမ်း ဆည်းရမိကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးလည်းကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲမှာ ဓဝယ်အမျိူးသားလွတ် မြောက်ရေးတပ်တော်(DNLA) ရဲ့ ဒူရက စစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့ (TPLF)၊ဧဒင်မှူးပြောက်ကျားတပ်ဖွဲ့၊ ကျားသစ်နက် ၊ ဘီးလုံးပျောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutionary Force (DGRF)၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ခွဲ (၇)၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထားဝယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ တော်လှန်ရေးပူးပေါင်ူအဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ဖြစ်ပွားလာပြီး၊ တိုက်ပွဲကြောင့် လမ်းပိုင်းကိုလည်း ယာယီပိတ်ဆို့ထားတယ်လို့ ဒေ သခံသတင်းရင်းမြစ်‌တွေဆီကနေ သိရပါတယ်။

“အခုက တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်။ ထားဝယ်တို့ ဘုတ်ပြင်းတိူ့ဘက်သွားမဲ့ လမ်းပိုင်းတွေလည်း ဖွင့်လိုက်ပိတ်လိုက်နဲ့ ခရီးသွားတွေ ဒုက္ခရောက်တယ်။ရက်ရှည်ကို စောင့်နေရတဲ့ခရီးသွားတွေလှည့်ပြန်တာတွေလည်း ကြုံရတယ်။” တိုက်ပွဲတွေကြောင့် မြေပြင်ခရီးသွားတွေ ကြုံတွေ့ရတဲ့အခြေအနေကို ဒေသတွင်း ယာဉ်မောင်းတဦးကNew Day Myanmar ကိုပြောပါတယ်။

ဒါအပြင် တနင်္သာရီတိုင်းအတွင်း ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာတာကြောင့် မဲဆွယ်ကာလအတွင်း ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်လို့ဆိုပါတယ်။

ဓာတ်ပုံ- ဒူကရ စစ်ကြောင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး