Homeပြည်တွင်းသတင်းကျောက်တော်မြို့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်ကျောင်းကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက် ၁၈ ဦး အသက်ဆုံးရှုံး

ကျောက်တော်မြို့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်ကျောင်းကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက် ၁၈ ဦး အသက်ဆုံးရှုံး

၁၂ စက်တင်ဘာ ၂၀၂၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ၊ ပညာပန်းခင်း ပုဂ္ဂလိကအထက်တန်းကျောင်းတကျောင်းကို စစ်ကော်မရှင်လေတပ်က ဒီကနေ့ စက်တင်ဘာ ၁၂ ရက် မနက်အ‌ စောပိုင်း ၁ နာရီဝန်းကျင်အချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသူ/သား ၁၈ ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော် (AA)က သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်ခံရမှုမှာ နောက်ထပ် အသက်ဆုံးရှုံးသူတွေလည်းထပ်တိုးလာနိုင်ပြီး ကျောင်းအဆောက်အဦးအောက်မှာ ပိနေသူတွေလည်းရှိနေသေးသလို ဒဏ်ရာရသူ ၂၀ဦးထက်မနည်းရှိနေတယ်လို့ ဒေ သတွင်းစစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

စစ်ကော်မရှင်လေတပ်ဟာ ပေါင် ၅၀၀ဗုံးနဲ့ ၂ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ရေးပစ်မှတ်မဟုတ်သလို ပြင်းထန်တဲ့ ဗုံးကြဲချမှုအပေါ် ရှုံ့ချတယ်လို့ New Day Myanmar ရဲ့ကျောက်တော်မြို့သတင်းရင်းမြစ်တဦးက ဆိုပါတယ်။

“ပြောဖို့စကားတောင်မရှိဘူးဗျာ၊ ဒီလုပ်ရပ်က ဗုံးကြဲချတဲ့ ဖြစ်စဉ်တွေထဲက နောက်ထပ်သက်သေပါဘဲ”လို့ သူက မှတ်ချက်ပြုပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်တဲ့အခြေအနေအပေါ်AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း စစ်တပ်ရဲ့ လေယာဉ်ဗုံးကျဲခံရတာကြောင့် ပညာပန်းခင်းအထက်တန်းကျောင်းက ပြည်သူ ၁၈ ဦးသေဆုံးခဲ့တယ်လို့သတင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-APM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး