Homeပြည်တွင်းသတင်းDJ Violet ဖမ်းဆီးခံရ၊ ကလပ်လည်း ချိတ်ပိတ်ခံရ

DJ Violet ဖမ်းဆီးခံရ၊ ကလပ်လည်း ချိတ်ပိတ်ခံရ

၁၂ စက်တင်ဘာ ၁၀၂၅

မန္တလေးမြို့က Cover ကလပ်မှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့တဲ့ DJ Violetကို ဖမ်းဆီးပြီး ဆိုင်ကိုပါ ချိတ်ပိတ်လိုက်တယ်လို့ စစ်ကော်မရှင် ဝါဒဖြန့် သတင်းတွေကနေသိရပါတယ်။

DJ Violet က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကပြန် လည်တောင်းပန်ခဲ့တာဖြစ်ပြီး “ကျွန်မကိုယ်တိုင်လဲဗုဒ္ဓဘာသာကိုစော်ကားရင်အမြတ်ထွက်သလိုအား လုံးဖြစ်မယ်ဆိုတာကိုလဲသိပါတယ်။ကျွန်မကိုအားရပါရပြောကြပါ အဲ့ထက်ကြီးတဲ့အပြစ်တွေရှိရင်လည်းပေးကြပါ။တကယ်အနူးအညွတ်တောင်းပန်ပါတယ်။တမင်ရည်ရွယ်ပီးလုပ်ခဲ့တာမဟုတ်ပါဘူးရှင့်” လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာနာယက ဆရာတော်ထံ သွားရောက် လျှောက်ထားတောင်းပန်မှုတွေ ပြုလုပ်ခဲ့ပေမယ့် စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အဆိုတော် မဂျစ် သီဆိုထားတဲ့ ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းကို DJ Violetက DJ နဲ့ Remix ပြုလုပ်တီးခတ်ခဲ့မှုအပေါ် ဝေဖန်သံမူတွေ ထွက်ပေါ်ခဲ့တာပါ။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို စတူဒီယိုခေတ်ဦးအဆိုတော် မဂျစ်က သီဆိုထားပြီး အဆိုတော် စိုးပိုင်နဲ့ ပိုးအိစံတို့ကပြန်လည်သီဆိုထားတာဖြစ်ပါတယ်။

Related News

Most Read