အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှာ ဒုတိယဥက္ကဋ္ဌ ရာထူးနေရာရယူထားတဲ့ ဒေါ်စန္ဒာမင်းဟာ စစ်ကော်မရှင်က ပြု လုပ်မဲ့ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ် ပြိုင်မယ်လို့ NDF ပါတီ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒေါ်စန္ဒာမင်းဟာ NDF ပါတီကနေ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့ ကနဦးသိရပြီး၊ သူမဟာ အရင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲမှာ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဉ်တာနဲ့ ပတ် သက်လို့အရင် NLD ပါတီဝင်တွေနဲ့ ပါတီကိုထောက်ခံအားပေးတဲ့ ပြည်သူအကြား ပြင်းထန်တဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဒေါ်စန္ဒာမင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန် တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမဲ ဆန္ဒနယ်ကနေ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။


