Homeနိုင်ငံတကာသတင်းအမေရိကန်ရေတပ်က ပင်လယ်နီမှာ ဟူသီဒရုန်းခြောက်စင်းကို ပစ်ချဖျက်ဆီးခဲ့

အမေရိကန်ရေတပ်က ပင်လယ်နီမှာ ဟူသီဒရုန်းခြောက်စင်းကို ပစ်ချဖျက်ဆီးခဲ့

ဝါရှင်တန်၊ ဇွန် ၂၁

ယီမင်ကမ်းလွန်ပင်လယ်နီမှာ ဟူသီဘက်က ပစ်လွှတ်လိုက်တဲ့ မောင်းသူမဲ့လေယာဉ်ခြောက်စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ကြာသပတေးနေ့ (ဇွန် ၂၀ ရက်) မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေဟာ ဂါဇာကမ်းမြောင်ဒေသက အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲမှာ ပါလက်စတိုင်းတွေကို ကူညီတဲ့အနေနဲ့ ၂၀၂၄ နိုဝင်ဘာလကတည်းက ပင်လယ်နီနဲ့အေဒင်ပင်လယ်ကွေ့မှာရှိတဲ့ ကုန်သင်္ဘောတွေကို ဒရုန်းနဲ့သာမက ဒုံးကျည်တွေနဲ့ပါ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

အမေရိကန်နဲ့ သူ့ မဟာမိတ်တွေအပါအဝင် အထူးသဖြင့် ဗြိတိန်က အရေးပါတဲ့ ရေလမ်းကြောင်းမှာ သင်္ဘောတွေ ကို ခုခံကာကွယ်ဖို့နဲ့ ဟူသီပစ်မှတ်တွေကို လက်တုံ့ပြန်ဖို့ ရေတပ်အင်အား တိုးမြှင့်ထားပါတယ်။

ပင်လယ်နီမှာ အီရန်ကျောထောက်နောက်ခံပြု ဟူသီတို့ရဲ့ ရေယာဉ်(USV) လေးစင်းနဲ့ ပင်လယ်နီထဲက မောင်းသူမဲ့လေကြောင်းစနစ် (UAS) နှစ်စင်းကိုပါ ဖျက်ဆီးခဲ့တဲ့အကြောင်း အမေရိကန်ဗဟိုဌာနချုပ် (CENTCOM) က ဇွန်လ ၂၀ရက် ကြာသပတေးနေ့ညက ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

Ref: Reuters

ဆက်စပ် သတင်းများ

Most read