Homeပြည်တွင်းသတင်းသီပေါမြို့ကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၃ ဦးသေဆုံး

သီပေါမြို့ကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၃ ဦးသေဆုံး

၁၈ ဩဂုတ် ၂၀၂၅

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ကို ဒီနေ့ ဩဂုတ် ၁၈ရက် မနက်ပိုင်းက စစ်ကော် မရှင်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်တာကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ရတယ်လို့ မြို့ခံတဦးက New Day Myanmar ကို ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သီပေါမြို့ တောင်မြို့ရပ်ကွက်နဲ့အနောက်ရပ်ကွက် ၂နေရာမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ် ကနဦးမှာ သေဆုံးသူ ၃ ဦးရှိတယ်လို့ဆိုပါတယ်။

“သေဆုံသူ ၃ ဦးရှိပါတယ်။ ကျန်တာတွေကို ဆက်ပြီး အတည်ပြုနေပါတယ်။ ကျတာက နန်းဒေဝီအနောက်နဲ့ ဆောင်းဦးအကင်ဆိုင်ရှေ့မှာ ဗုံးကျပြီးပေါက်ကွဲတာ “လို့ ဒေသခံ ကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့ရက် ဩဂုတ်လ ၉ ရက်နေ့မှာလည်း စစ်ကော်မရှင်လေတပ်ဟာ သီပေါမြို့အနီးမှာရှိတဲ့ ဆောက်လုပ်ရေးအရာရှိ ရိပ်သာဝင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။

ဒါအပြင် ဇူလိုင်လအတွင်းမှာသီပေါမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့‌

သေးရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁၈ လုံး နဲ့ စာသင်ကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

စစ်ကော်မရှင်ဟာ ယခုလပိုင်းအတွင်း နိုင်ငံတဝန်းကို လေကြောင်းကနေ ဆက် တိုက်ဗုံးကြဲတိုက်ခိုက်တာလုပ်ဆောင်နေပြီး ၊ ဗုံးကြဲဝိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါ ထိခိုက်သေဆုံးသူ ပျမ်းမျှ ရာနှင့်ချီနီးပါးရှိနေပြီ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး