Homeပြည်တွင်းသတင်းမြောက်ဒဂုံမှာ ပလုံကောက်နေသည့် သားအမိနှစ်ဦး ကားတိုက်ခံရပြီး မိခင်သေဆုံး

မြောက်ဒဂုံမှာ ပလုံကောက်နေသည့် သားအမိနှစ်ဦး ကားတိုက်ခံရပြီး မိခင်သေဆုံး

၃၀ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်မှာ ပလုံကောက်နေတဲ့ သားအမိနှစ်ဦးကို ကားတစ်စီးက ဝင်ရောက်တိုက်မိပြီး မိခင်ဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

အဆိုပါ ယာဉ်တိုက်မှုဟာ မေ ၃၀ ရက် နံနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကားမောင်းသူက အခင်းဖြစ်နေရာကနေ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် မိခင်ဖြစ်သူဟာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်ကိုတော့ မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ကုသပေးထားပြီး လက်ရှိကျန်းမာရေးအခြေအနေကို မသိရသေးပါဘူး။

သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို မိသားစုထံ လွှဲပြောင်းပေးထားပြီး ကျီစုသုဿန်မှာ မီးသင်္ဂြိုဟ်သွားမယ်လို့ ဝန်းရံမှု လူမှုကူညီကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး