Homeပြည်တွင်းသတင်းဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်ကို လုယူသွားခဲ့သူ ၃ ဦးကို ဖမ်းမိ

ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်ကို လုယူသွားခဲ့သူ ၃ ဦးကို ဖမ်းမိ

၃၀ ဇူလိုင် ၂၀၂၅

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့် ဈေးအနီးမှာ အမျိုးသားတဦးကို ဆိုင်ကယ်လုယက်ပြီး သတ်ဖြတ်ခဲ့သူ ၃ ဦးကိုဖမ်းဆီးရမိခဲ့တယ် စစ်ကောင်စီ ဝါဒဖြန့် သတင်းတွေမှာ ဖော်ပြပါတယ်။

ဖမ်းဆီးရမိထားတဲ့ အမျိုးသား၃ ဦးကို CCTV မှတ်တမ်းကနေ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ရှာဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေးကြီးက‌နေဈေးဝယ်ပြီးပြန်လာတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦးဆီက ဆိုင်ကယ်လုယက်ပြီး ဓားနဲ့ထိုးခဲ့လို့ နေရာမှာတင်သေဆုံးမှု ဇူလိုင် ၂၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။

အသတ်ခံရပြီး၂ ရက်အ​ကြာ ဇူလိုင် ၃၀ ရက်နေ့မှာ ဖမ်းမိခဲ့တာဖြစ်ပြီးအမှုကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး