မြန်မာစစ်အုပ်စုအရာရှိတွေကိုအဆင့်မြင့်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေပေးနေတဲ့ ဘယ်လာရုစ်နိုင်ငံ တက္ကသိုလ်တွေကိုပညာရပ်အသိုင်းအဝန်းနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ သပိတ်မှောက်ကြရန် Justice For Myanmar ဒီကနေ့ ဇူလိုင် ၁၆ရက်နေ့မှာ တောင်းဆိုထားပါတယ်။
အဲ့ဒီတက္ကသိုလ်တွေဟာ Belarusian State University (BSU) ၊ Belarusian State University of Informatics & Radioelectronics (BSUIR)နဲ့ Belarusian State Technological University(BSTU)
တို့ဖြစ်တယ်လို့ အသိပေးချက်မှာဖော်ပြထားတာပါ။
Belarusian StateUniversity ဟာ မြန်မာစစ်အုပ်စုရဲ့ကျောင်းသားတွေကိုလက်ခံသင်ကြားပေးဖို့ ရန်ကုန်တက္ကသိုလ်အခြားတက္ကသိုလ်တွေနဲ့ နားလည်မှုစာချွန်လွှာတစ်ရပ်ရေးထိုးခဲ့တယ်လို့ဆိုပါတယ်။
BSU ဟာ မြန်မာစစ်အုပ်စုကျောင်းသား (၁၀)ဦးကို လက်ခံထားပြီး စစ်ဘက်ဆိုင် ရာဥပဒေ၊ ပထဝီတည်နေရာသတင်းအ ချက်အလက်ပညာနဲ့ဆက်စပ်ဘာသာတွေကို၎င်းတို့ရဲ့ စစ်ဘက်ဆိုင်ရာဌာနကြီးတွေမှာသင်ကြားပေးနေတယ်လို့ဆိုထားပါတယ်။
ဒါအပြင် Belarusian State University of Informatics & Radioelectronics ဟာလည်း မြန်မာစစ်အုပ်စုကျောင်းသားတွေကို လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် ရေဒီယို-အီလက်ထရောနစ်အင်ဂျင်နီးယားရင်းပညာရပ်ဆိုင်ရာတွေသုတေသနပြုလေ့လာဖို့လက်ခံသင်ကြားပေးနေတာလို့ ဖော်ပြထားပါတယ်။
တက်ရောက်နေတဲ့ ကျောင်းသားတွေဟာမြန်မာနိုင်ငံက စစ်လက်နက်ထုတ်လုပ်ရေး စက်ရုံတွေဖြစ်တဲ့ အမှတ် (၄) ကာ ကွယ်ရေးပစ္စည်းစက်ရုံ (နေပြည်တော်)၊ အမှတ်(၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (မကွေး)နဲ့ အမှတ် (၁၀) မြန်မာ့အကြီးစားစက်မှုလုပ်ငန်း (မန္တလေး)တို့ကကျောင်း သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Belarusian State Technolo -gical University ဟာလည်း မြေပြင်စစ်လက်နက်နဲ့ ထောက်ပံ့ပို့ဆောင်ရေးအ တွက် စစ်ဘက်လေ့ကျင့်ရေးဌာနတစ်ခု ဖွင့်လှစ်ပေးထားပြီး၊ ၂၀၂၅ ခုနှစ် မေလအတွင်း BSTU ရဲ့ကျောင်းအုပ်ကြီးဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ မကြာမီက အဆင့်မြင့်စစ်ဘက်ပညာရပ်တွေပြီး မြောက်ထားတဲ့ မြန်မာကျောင်းသား ၃၄ ဦးနဲ့ တွေ့ဆုံခဲ့တယ်လို့အသိပေးဖော်ပြထားပါတယ်။
ဒါ့ကြောင့် အဲဒီတက္ကသိုလ်တွေဟာ စစ်ရာဇဝတ် ကောင်တွေကို ဘွဲ့ဒီဂရီအပ်နှင်းရုံသာမကဘဲ အဆတိုး လူသတ်နိုင်ဖို့အားပေးကူညီနေတာဖြစ်တဲ့အတွက် ပညာရပ်အသိုင်းအဝန်းနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့သပိတ်မှောက်ရန်နဲ့ မြန်မာစစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်တာတွေအတွက်ကြံရာပါဖြစ်တာကြောင့် ကန့်ကွက်ဆန့်ကျင်ဖို့ တိုက်တွန်းတယ်လို့ အသိပေးဖော်ပြထားပါတယ်။
ပုံစာ – စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဘယ်လာရုစ် သမ္မတတို့ ဘယ်လာရုစ်နိုင်ငံတွင်တွေ့ဆုံနေစဉ်
ဓါတ်ပုံ – စစ်ကောင်စီ


