Homeပြည်တွင်းသတင်းKTV ဆိုင်တွေကို ဗန်းပြပြီး မူးယစ်ဆေးသုံးစွဲတာတွေရှိတာကြောင့် အားလုံးပိတ်သိမ်းရမယ်လို့ KIO ထုတ်ပြန်

KTV ဆိုင်တွေကို ဗန်းပြပြီး မူးယစ်ဆေးသုံးစွဲတာတွေရှိတာကြောင့် အားလုံးပိတ်သိမ်းရမယ်လို့ KIO ထုတ်ပြန်

‎၂၇ ဇွန် ၊၂၀၂၅

‎ကချင်လွတ်လပ်ရေးအဖွဲ့- KIO ထိန်းချုပ်ရာဒေသတွေအတွင်းမှာ KTV ဆိုင်တွေကို ဗန်းပြပြီး မူးယစ်ဆေး သုံးစွဲတာတွေရှိတာကြောင့် အားလုံးပိတ်သိမ်းရမယ်လို့ KIO အဖွဲ့က အမိန့်ထုတ်ပြန်ထားပါတယ်။

‎KTV ပိတ်ရမယ်ဆိုတဲ့ အမိန့်စာကို ဇွန်(၂၂)ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး၊ မိမိတို့ ဒေသအတွင်း မူးယစ်ဆေးရောင်းဝယ်/သုံးစွဲတယတွေပပျောက်ဖို့ အမှီအခိုပြုရာနေအားလုံးကို ပိတ်သိမ်းလိုက်တာဖြစ်သလို ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အဆင့်လိုက် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

‎KIO မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီရဲ့တင်ပြလာချက်အရ KTV တွေမှာအိမ်ထောင် သည် အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ ကျောင်းသားသူတွေ စုဖွဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲတာတွေအပြင် ဖြန့်ဖြူးတာတွေပါ လုပ်နေကြတဲ့အတွက် မူးယစ်ဆေးဝါးကြောင့် အကျင့် စာရိတ္တပျက်စီးတဲ့ လူတွေများလာသလို မိသားစုတွင်း အိမ်ထောင်ရေးပြဿနာအမျိုးမျိုးဖြစ်ပေါ်နေတဲ့အတွက် ပိတ်သိမ်းရတာဖြစ်တယ်လို့ အမိန့်စာမှာ ‌ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး