အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ စစ်ကောင်စီရဲ့ ဥက္ကဌ မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကနေ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ ထိုင်းအစိုးရဖိတ်ကြားချက်နဲ့ ထိုင်းနိုင်ငံရောက်ရှိနေတာဖြစ်ပြီး ဧပြီ ၁၇ ရက်ညပိုင်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို၊ ဧပြီ ၁၈ ရက်မနက်ပိုင်းမှာ တယ်လီကွန်ဖရင့် ကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ တွေ့ဆုံမှုတွေမှာ မြန်မာပြည်သူတွေ အရေးပေါ် လိုအပ်နေတဲလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေးနဲ့ အကူအညီလို အပ်နေသူတွေထံကို အမြန်ဆုံးပေးအပ်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အာဆီယံဥက္ကဌရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ပေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှနာဝပ်နဲ့လက်ရှိ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်တို့ ဟာ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။