အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့ အတူအမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေပြီးအသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်တာနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာအကူအညီတွေအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဧပြီ ၁၃ ရက်မှာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုရဲ့ ထုတ်ပြန်ချက်မှာ”၂၀၂၅ မြန်မာ အတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခါသမယမြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယကို ကြိုဆိုသည့်အနေဖြင့် မြန်မာပြည်သူများ ကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိပြောကြားလိုပါသည်။”လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် “သင်္ကြန်ဆိုသည်မှာ အတိတ်ကိုပြန်ပြောင်းဆင်ခြင်ပြီး ပိုမိုကောင်းမွန်သည့်အနာဂတ်ကို မျှော်လင့်ကြသည့် ကာလတစ်ခုဖြစ်ပါသည်။ ယခုနှစ်တွင် မတ် ၂၈ ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံခဲ့ကြရသည့် လူ ပေါင်းများစွာနှင့်အတူ မိမိတို့ တစ်ပေါင်းတစ်စည်းတည်း ရှိနေပါသည်။”လို့လည်း ဖော်ပြထားပါတယ်။
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူတွေကို အာားပေးကူညီသွားဖို့ ဆက်လက်သံန္နိဋ္ဌာန်ချထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့လုံခြုံရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
သင်္ကြန်အခါသမယနဲ့အတူ နှစ်သစ်မှာ မြန်မာပြည်သူတွေ အားလုံးအတွက် မျှော်လင့်ချက်နဲ့ သတ္တိခွန်အားတွေ သယ်ဆောင်လာပါစေကြောင်း ဆုမွန်ကောင်း တောင်းတယ်လို့ လည်း ဖော်ပြထားပါတယ်။