Homeပြည်တွင်းသတင်းဧရာ၀တီတိုင်းဟာ ၂၀၂၅ ခုနှစ်မှာ အရေးကြီးတဲ့ စစ်မျက်နှာဖြစ်လာမယ်လို့ NUG ဝန်ကြီးချုပ်ပြော

ဧရာ၀တီတိုင်းဟာ ၂၀၂၅ ခုနှစ်မှာ အရေးကြီးတဲ့ စစ်မျက်နှာဖြစ်လာမယ်လို့ NUG ဝန်ကြီးချုပ်ပြော

၂၂ ဇန်နဝါရီ ၊၂၀၂၅

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမယ့် အခု ၂၀၂၅ ခုနှစ်မှာ ဧရာ၀တီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာဖြစ်လာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်ကကျင်းပတဲ့ အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း Campaign ဖွင့်ပွဲမှာ NUG ဝန်ကြီး ချုပ်က အခုလို အသိပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

တော်လှန်ရေးကာလ ၄ နှစ်ပြည့်လာချိန်မှာ ဘယ်သူကမှ တားဆီးလို့မရတော့သလို တိုင်းရင်းသားတော်လှန်ရေး အင်အားစု တွေရဲ့ မြဲမြံတဲ့အုတ်မြစ်နဲ့ မျိုးဆက်သစ်တွေရဲ့ စိတ်ပိုင်းဆုံးဖြတ်မှုအရှိန် အဟုန်ကို ဘယ်သူမှ ဖြိုဖျက် ရပ်တန့်လို့ မရတော့ တဲ့အတွက် ၂၀၂၅ ခုနှစ်မှာ ဧရာ၀တီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာဖြစ်လာတာလို့ ဆိုပါတယ်။

“ မြန်မာနိုင်ငံဆိုတဲ့ ကျနော်တို့အားလုံးရဲ့ အိမ်ပေါ်ကိုတက်ပြီး လက်နက်အာကိုးနဲ့အုပ်စိုးနေတဲ့ သူခိုးဓားပြလက် ကနေ ပြန်ယူ ကြတဲ့နေရာမှာ ဧရာ၀တီတိုင်းသူ တိုင်းသားတွေဟာ ဝေဖန်တိုက်ခိုက်မှုဒဏ်တွေကို အံကြိတ်ခံပြီး တော်လှန်ရေးကာလ တလျှောက် ခြေသံမကျယ် နှုတ်မကြွယ်ဘဲ ကျရာတာဝန်ကို ထမ်းရွက်ခဲ့ကြတယ်ဆိုတာ ငြင်းမရဘူးလို့ အသိပေးပါတယ်။ ဒါ့ကြောင့် အိမ်ပြန်လှိုင်း ဧရာတိုင်း ကန်ပိမ်းမှာ ပူးပေါင်းပါဝင်ကြဖို့ “ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူလူထုကို တိုက်တွန်း ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဟာ ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေရာ ဧရာ၀တီတိုင်း မှာဖြစ်တဲ့တိုက်ပွဲတွေမှာ ချောင်းသာကမ်းခြေအနီး ရွှေသောင်ယံမြို့အနီးထိ ရောက်ရှိနေတဲ့အပြင် ရေကြည်မြို့ နယ်အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ် လို့ သိရပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read