Homeပြည်တွင်းသတင်း၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးအင်အားစုတွေ ဘက်က ၁၁၄၄ ဦးကျဆုံးခဲ့

၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးအင်အားစုတွေ ဘက်က ၁၁၄၄ ဦးကျဆုံးခဲ့

၁၉ ဇန်နဝါရီ၊ ၂၀၂၅

၂၀၂၄ ခုနှစ်အတွင်း PDF နဲ့ EROs ကျဆုံးစာရင်းတွေကို Spring Database Revolution – SRD က ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တော်လှန်‌ရေးအင်အားစုတွေဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၉၅၆)ဦး၊ NUG ကာကွယ်ရေး ဝန်ကြီးဌာန (၇၃)ဦး၊ ERO (၆၇) ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) (၄၃)ဦး၊ မြို့ပြပျောက်ကြား (၃)ဦး၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) (၂)ဦး အပါအဝင် စုစုပေါင်း(၁,၁၄၄)ဦး ကျဆုံးခဲ့တယ်လို့ SRD က ဆိုပါတယ်။

ဒီစာရင်းအချက်အလက်တွေဟာ SRD ရဲ့ လက်လှမ်းမီသလောက်စုစည်းထားတာ ဖြစ်ကြောင်းနဲ့ တကယ်လို့ မိမိသိရှိထားတဲ့ လူမသိသူမသိ ကျဆုံးသွားသော အရပ်သားပြည်သူ၊ တော်လှန်ရေးအင်အားစုတွေရဲ့အချက်အလက်၊ မှတ်တမ်းဓာတ်ပုံနဲ့ Video တို့ကိုလည်း ပို့ပေးဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီဇင်ဘာ ၂၉ ရက်အထိ စစ်တပ်က ကောက်ယူထားတဲ့ စာရင်းအရဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီး (၅၃) ဦး အပါအဝင် ၁၃၅ဦးသေဆုံးပြီး ၁၂၇ဦးဒဏ်ရာရရှိကာ အရာရှိအဆင့် စုစုပေါင်း ၄၄၂ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ စစ်တပ်၊ ရဲ နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်သေဆုံးသူပေါင်းက ၁၄၀၉၃ဦး နဲ့ ဒဏ်ရာရသူ ၇၃၆၃ဦး စုစုပေါင်း ၂၁၄၅၆ ဦး ရန်သူအင်အားပြုန်းတီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ အထိတစ်နိုင်ငံလုံးတပ်စခန်းပေါင်း ၇၄၂ ခုကို အကြမ်းဖက်စစ်ကောင်စီကဆုံးရှုံးထားပါတယ်။

လက်ရှိမှာ မြို့ပေါင်း ၉၄ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူထိန်းချုပ်ထားပြီး ပြည်သူ့ရင်ခွင် ခိုလှုံရေ:အစီအစဉ်အရ ၂ဝ၂၁ ခုနှစ် က ၂ဝ၂၄ ဒီဇင်ဘာအထိ စစ်တပ် (၃၈၇၂) ဦး၊ ရဲ (၁ဝ၈၈၈) ဦး စုစုပေါင်း (၁၄၇၆ဝ) ဦးရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် လက်နက်နဲ့ ခိုလှုံလာသူ (၂၁ဝ) ဦးဆီက လက်နက်မျိုးစုံ (၂၂၈)ခဲယမ်းကျည်မျိုးစုံ (၃၂၇၀၇)ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read