Homeပြည်တွင်းသတင်းမူဆယ်မှာ စစ်ကောင်စီတပ်က စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်သယ်ယူခွင့်ကန့်သတ်

မူဆယ်မှာ စစ်ကောင်စီတပ်က စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်သယ်ယူခွင့်ကန့်သတ်

၂ ဒီဇင်ဘာ၊၂၀၂၄

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီသယ်ယူခွင့်တွေကို ကန့်သက်ထားတဲ့အတွက် ဒေသခံတွေစားဝတ်နေရေး ပိုမိုခက်ခဲလာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ယခင်က မူဆယ်ဒေသအတွင်းကို ဒေသခံတွေက တရုတ်ပြည် ရွှေလီ၊ ဂျယ်ဂေါင်မြို့တွေကတဆင့် စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန် အနည်းငယ်သာ သယ်ယူတင်သွင်းခွင့်ပြုထားရာမှ နိုဝင်ဘာ(၂၈)နေ့မှာ ထပ်မံပိတ် ပင်လိုက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။

“ဓာတ်ဆီ ရေသန့်တစ်ဘူးကို တစ်သောင်းကနေ နေရာအလိုက် တစ်သောင်းခွဲအထိပေးဝယ်နေရတယ် ဒါတောင် အင်တာနက်အသုံးပြုခ စားသောက်စရိတ်မပါသေးဘူး စျေးတွေက အတက်ပဲရှိနေတော့ ကြာရင်စားဝတ်နေရေး ပိုဆိုးလာဖို့ပဲရှိတယ်လို့ “ မူဆယ်မြို့နေဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ နိုဝင်ဘာ(၂၈)နေ့ ကထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အရ ဒေသအာဏာပိုင်ဖြစ်တဲ့ ကုန်လမ်းပို ဆောင် ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမရဲ့ ၎င်းတိုထံ မှတ်ပုံတင်ထားတဲ့ မော်တော်ကား၊ ဆိုင်ကယ်၊ သုံးဘီးယာဥ်နဲ့ ကုန်တင်ယာဥ်တွေအားလုံး နိုင်ငံဖြတ်ကျော်ခွင့်စာအုပ်(Baordar Pass)ပြုလုပ်ပြီး သတ်မှတ်ထားတဲ့ ကုန်စည် တွေကို အရေအတွက်ဖြင့်သာ ဝယ်ယူရောင်းချခွင့်ပြုမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလို ကန့်သတ်ပိတ်ပင်လိုက်တာကြောင့် မီးဖိုချောင်သုံးအသီးအနှံ၊ အသား၊ငါးတွေအပါအဝင် ကုန်စည်စျေးနှု န်းတွေ အဆမတန် မြှင့်တက်လာနိုင်သလို စက်သုံးဆီပါ လုံလောက်မှုမရှိနိုင်တဲ့ အခြေအနေကို ရောက်ရှိလာနိုင်တယ်လို့လည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

#PSLF/TNLA

ဆက်စပ် သတင်းများ

Most read