Homeပြည်တွင်းသတင်းNUG နဲ့ ABSDF တို့ နိုင်ငံရေး၊ လူထုစည်းရုံးရေး၊ စစ်ရေး နဲ့ ဘဏ္ဍာရေးပူးပေါင်းဖို့ နားလည်မှုစာချုပ်ချုပ်ဆို

NUG နဲ့ ABSDF တို့ နိုင်ငံရေး၊ လူထုစည်းရုံးရေး၊ စစ်ရေး နဲ့ ဘဏ္ဍာရေးပူးပေါင်းဖို့ နားလည်မှုစာချုပ်ချုပ်ဆို

၁၃ စက်တင်ဘာ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုမှုကို စက်တင်ဘာလ ၁၂ရက်မှာ ပြုလုပ်ခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

နားလည်မှုစာချွန်လွှာကို အပြန်အလှန် နားလည်မှု၊ နိုင်ငံရေးဂုဏ်သိက္ခာ၊ အပြန်အလှန်အသိအမှတ် ပြုမှုတို့ကို အခြေခံပြီး နှစ်ဖက်အဖွဲ့အစည်း နှစ်ခုကြား ခိုင်မာအားကောင်းတဲ့ ဆက်ဆံမှုတည်ဆောက်ရေး ၊ စစ်အာဏာရှင် စနစ် ပပျောက်ရေး နဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်းရေးလုပ်ငန်းတွေမှာ အတူတကွလက်တွဲ တိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေးဖို့ ရည်ရွယ်တယ်လို့ NUG က ဆိုပါတယ်။

ဒီစာချုပ်အရ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကြားမှာ နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေး နဲ့ ဘဏ္ဍာရေး ကဏ္ဍရပ်တွေမှာ ပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အွန်လိုင်းက ချုပ်ဆိုတဲ့ နားလည်မှု စာချွန်လွှာ ချုပ်ဆိုသည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဘက်က ဥက္ကဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှုး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၁ ရဲဘော်ကျော် လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၂ ရဲဘော် ရဲထွတ် (ခ) လှဌေး ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနဲ့အတူ နယ်မြေအသီးသီးက တာဝန်ခံခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ပုံစာ – အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပွဲအခမ်းအနား

Photo – NUG

ဆက်စပ် သတင်းများ

Most read