Homeပြည်တွင်းသတင်းမိတ္ထီလာမြို့တွင် ချစ်သူသေဆုံးပြီးနောက် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး သစ်ပင်ပေါ်တွင် သေဆုံးလျက်တွေ့ရှိ

မိတ္ထီလာမြို့တွင် ချစ်သူသေဆုံးပြီးနောက် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး သစ်ပင်ပေါ်တွင် သေဆုံးလျက်တွေ့ရှိ

၁၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ (၈) နာရီဈေးအနီး သံလမ်းဘေးရှိ သစ်ပင်တစ်ပင်ပေါ်တွင် အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်ဟာ ဇူလိုင် ၁၇ ရက် ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ သေဆုံးသူဟာ ၎င်းရဲ့ ချစ်သူကောင်မလေး သေဆုံးပြီး တစ်ရက်အကြာမှာ သစ်ပင်မှာ သေဆုံးလျက်တွေ့ခဲ့တာဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးသူအချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

သေဆုံးသူရဲ့ ချစ်သူကောင်မလေးဟာ ရက်ပိုင်းအလိုက ယာဉ်မတော်တဆမှုအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် မိတ္ထီလာမြို့ကနေ မန္တလေးဆေးရုံကို ပြောင်းရွှေ့ကုသခဲ့ပေမယ့် သေဆုံးခဲ့တယ်လို့ ကူညီပေးသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူ လူငယ်ရဲ့ ရုပ်အလောင်းကို မျိုးဆက်သစ်မြတ်ပါရမီအသင်းက မိတ္ထီလာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ယခုဖြစ်စဉ်မှာ ချစ်သူသေဆုံးမှုနဲ့ ယခုဖြစ်စဉ်ကြား ဆက်နွယ်မှုရှိ၊ မရှိကို သက်ဆိုင်ရာအာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ထားတာ မတွေ့ရသေးသလို၊ New Day Myanmar အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

Related News

Most Read