Homeပြည်တွင်းသတင်းရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း စစ်ကော်မရှင် လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်

ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း စစ်ကော်မရှင် လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်

၂ မတ်လ ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း ဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ မတ်လ ၂ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ ကျောင်းသားသမဂ္ဂအဖွဲ့တွေကနေ သိရပါတယ်။

မမှူးရတနာခက်မို့မို့ထွန်းဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။

သူမကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေကို စစ်တပ်က ကားနဲ့တိုက်ဖြိုခွင်းခဲ့တဲ့ ဖြစ်စဉ်ကို သတင်းရယူနေစဉ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ အရပ်သားတွေ သေဆုံးဒဏ်ရာရရှိမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် လူထုအကြား အပြင်းအထန် ဝေဖန်ခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး