Homeပြည်တွင်းသတင်းဒေါပုံဂျပန်တံတားပေါ်မှာ အမျိုးသားတဦး ဖုန်းနဲ့ ပိုက်ဆံ လုယူခံရပြီး ဓါးထိုးခံရ

ဒေါပုံဂျပန်တံတားပေါ်မှာ အမျိုးသားတဦး ဖုန်းနဲ့ ပိုက်ဆံ လုယူခံရပြီး ဓါးထိုးခံရ

ဇန်နဝါရီ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံမြို့ယ်၊ဒေါပုံတံတား (ဂျပန်တံတား)ပေါ်မှာ အမျိုးသားတစ်ဦး ဓားထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ ၆၀၀၀ လုယက်ခံ ခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီးဒေါပုံတံတား ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဘက်အခြမ်းမှာ လမ်းလျှောက်နေချိန် အမည်မသိ အမျိုးသားနဲ့ အမျိုးသမီး ရောက်ရှိလာပြီး ဓားနဲ့ထိုးကာ ဖုန်းနဲ့ငွေကိုလုယက်သွားတာလို့ ကူညီ‌ပေးသူတွေက အသိပေးထားပါတယ်။

လုယက်ခံရသူအမျိုးသားဟာ လည်ပင်း ဓားဒဏ်ရာတစ်ချက် ၊ ဘယ်နား ထိုးသွင်း ဒဏ်ရာ တစ်ချက် ၊ ကျောကုန်း ပြတ်ရှဒဏ်ရာ၊လက်မောင်း ပြတ်ရှဒဏ် ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကို သစ္စာမဏ္ဍိုင် လူမှုကူညီရေး အသင်းက ရန်ကုန် ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး