Homeပြည်တွင်းသတင်းရွေးကောက်ပွဲ အပိုင်း(၂)ပြုလုပ်မယ့် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေ

ရွေးကောက်ပွဲ အပိုင်း(၂)ပြုလုပ်မယ့် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေ

၂၉ ဒီဇင်ဘာ ၂၀၂၅

ရွေးကောက်ပွဲ အပိုင်း(၂)ပြုလုပ်မယ့် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ တိုက် ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေဆီကနေသိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ လေကြောင်း ကြည်းကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် လတလောမှာ ဒေသခံတော်လှန်ရေးအဖွဲ့တွေဆုတ်ခွာနေရတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေက ဘုတင်မြို့ပေါ်က စစ်တပ်အခြေစိုက်ထားတဲ့ နေရာအများစုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က အခုလို တန်ပြန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ဘုတလင်မြို့နဲ့ အနီးတစ်၀ိုက် ရွာတွေက ဒေသခံတွေ စစ်ရှောင်နေတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိပေမဲ့ အသေးစိတ်ကို မသိရသေးဘူး။ လက်ရှိမှာ စစ်ကြောင်းက အနောက်ဇီးတော၊ရွှေချောင်းလည်၊ သရက်တိုရိုးနဲ့ ထနောင်းကုန်း ရွာတွေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွေးကောက်ပွဲ ဒုတိယပိုင်းအနေနဲ့ စစ် ကိုင်းတိုင်းထဲမှာ ဘုတလင်၊ အရာတော်၊ ရေဦး၊ ချောင်းဦး၊ မြင်းမူ၊ ကျွန်းလှ၊ ကလေး၀၊ မင်းကင်း၊ ဝန်းသို၊ ဖောင်းပြင်၊ မော်လိုက်စတဲ့ ၁၁ မြို့နယ်မှာ ကျင်းပဖို့ စစ်ကော်မရှင်က ပြင်ဆင်ထားပါတယ်။

ပုံစာ-ဘုတလင်မြို့နယ်အတွင်း ရွေး ကောက်ပွဲ ဆန့်ကျင်ရေးဆိုင်းဘုတ် ဆိုက်ထူနေသည်ကိုတွေ့ရစဉ် –

ဓာတ်ပုံ-ဘုတလင်မြို့နယ် သပိတ်အင်အားစု

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး