ထားဝယ်ခရိုင်အတွင်းမှာ ကရင်အမျိုးလွတ်မြောက်ရေးတပ်(KNLA)ကဖမ်းဆီးခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့အထူးတိုင်းစစ်ဌာနနည်းဗျူးဟာမှူး အပါအဝင် တပ်ဖွဲ့ဝင်တွေ ပြန် လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ဗျူဟာမှူး စောဒါးကိုက ဒီဇင်ဘာ ၁၉ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်ကနေအသိပးထားပါတယ်။
ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)ရဲ့အထူးတိုင်းစစ်ဌာနက အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို(ကိုဘိတ်)၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီးနဲ့ တပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၁၇ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
“ဒီနေ့ ထားဝယ်ခရိုင်တပ်ရင်း ၂ ရဲဘော်များအားလုံး မိခင်တပ်ရင်းသို့ လက်နက်နဲ့အတူ ပြန်ရောက်ပါပြီ။ ကျွန်တော်တို့ မဟာမိတ်ညီအကိုတွေ နှစ်ဖက် သဘောထားကြီးကြီးနှင့်ညှိနှိုင်းအောင်မြင်မှုပါ”လို့ ဗျူဟာမှူး စောဒါးကိုက ရေးသားမျှဝေထားပါတယ်။
ကရင်နှစ်သစ်ကူးနေ့ မှာ ပြန်လည်လွတ် မြောက်လာတဲ့ ဗျူဟာမှူး စောဒါးကိုနဲ့ တပ်ရင်းမှူး မင်းသားကြီးတို့က KNU မြိတ်-ထားဝယ်ခရိုင်(တပ်မဟာ ၄) က ပြုလုပ်တဲ့နှစ်သစ်ကူး အခမ်းအနားမှာ မိန့်ခွန်းပြောခဲ့တာကိုလည်း KNU က မနေ့က ဒီဇ်ုဘာ ၂၀ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
အခုလို ပြန်လည်လွတ်မြောက်လာတဲ့နဲ့ပတ်သက်လို့ KNU ဘက်က ထုတ်ပြန်တာမျိုးမပြုလုပ်သေးသလို အထူးတိုင်းစစ်ဌာနကလည်း တရားဝင်ထုတ်ပြန်တာမရှိ
သေးပါဘူး။
ဓာတ်ပုံ-KNU


