ဘီအိုစီလုပ်ငန်းစု၊ဦးဇော်ဇော်ရဲ့Max တို့လည်း ပါဝင်
၂ ဒီဇင်ဘာ၂၀၂၅
စက်သုံးဆီတင်သွင်းသူတွေ မသမာမှုပြုထားတယ်ဆိုပြီး ကျပ်ဘီလီယံ ၅၄၀ကျော်ကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်နဲ့ ပြန်သွင်းကြဖို့ စစ်ကော်မရှင်က အခုရက်ထဲမှာပဲ အမိန့်ထုတ်လိုက်တယ်လို့ စီးပွားရေးအသိုင်းအဝိုင်းကပြောပါတယ်။
ပြည်ပမှစက်သုံးဆီတင်သွင်းတဲ့ စက်သုံးဆီလုပ်ငန်းအခွန်တွေ ကွာဟချက်နဲ့ premium ပိုပြမှုအတွက် ကျပ် ၅၄ဝ ဘီလီယံကို နိုင်ငံတော်ဘဏ္ဍာထဲ ပြန်သွင်းခိုင်းခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာတော့ ပြည်ပကနေ စက်သုံးဆီတင်သွင်းတဲ့
ဆီကန်လုပ်ငန်းရှင်တွေဖြစ်တဲ့ BOC က 180 billion၊ Denko က 70 billion၊ MMTMက 40 billioni ၊ Max က 40 billion၊ Rgency က 20 billion ၊Apex က 15 billion ၊ Myanoil က 15 billionsနဲ့ Brighterက 12 billion ပြန်လည်ပေးသွင်းရမယ်လို့ သတင်းတွေထွက်နေပါတယ်။
ဒါ့အပြင် အဲ့ဒီမသမာမှုမှာပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွမ်းအင်ဒုတိယဝန်ကြီး ဦးသန့်စင် တာဝန်ကနေ ရပ်စဲခံထားရပြီး၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရွှေမော် လည်း ဖမ်းဆီးအရေးယူခံထားရပါတယ်။
စစ်ကောင်မရှင်နဲ့ နီးစပ်သူတွေကတော့ ပြန်သွင်းခိုင်းတဲ့ငွေတွေကို ပြန်မသွင်းရင် အာမခံတောင်ပေးလို့မရတဲ့ ၄၂၀ နဲ့ တစ်ခါတည်းအရေးယူလိုက်ဖို့ မှတ်ချက်နဲ့ ရာဇသံပေးထားတယ်လို့ ပြောကြပါတယ်။
ယခင်စီးကူးဒုဝန်ကြီး ဦးညွန့်အောင် ထောင်ကျသွားတဲ့အထိ ဖြစ်ပေါ်ခဲ့တဲ့ ပြည်ပကနေရေနံတင်သွင်းမှုဆိုင်ရာကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေရာကို စွမ်းအင်ဒုဝန်ကြီး ဦးသန့်စင်က နေရာဆက်ခံပြီးနောက် အရင်က မသမာမှုမျိုးပုံစံတွေဆက်လက်ဖြစ်ပေါ်ခဲ့တာပါ။


