စစ်ကော်မရှင်ဟာ ပို့ကုန်ရငွေ ဒေါ်လာ သန်း ၅၀ကျော် ပြန်မသွင်းတဲ့ ပဲလုပ်ငန်းရှင် ၈ ဦးထဲက ၄ ဦးကို ဖမ်းဆီးထားပြီး ၄ဦးက တိမ်းရှောင်နေတယ်လို့ စစ်ကော် မရှင်က ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ Maha Nadi International Co.,Ltd.ဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပကို အမေရိကန်ဒေါ်လာ ၄၂ သန်း ကျော်တန်ဖိုးရှိတဲ့ မတ်ပဲတွေကိုတင်ပို့ခဲ့ပြီးပို့ကုန်ရငွေ အမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ပြန်လည်ပေးသွင်းရန် ကျန်ရှိနေတယ်လို့ဖော်ပြထားပါတယ်။
ဒါအပြင် RK Shipping and Trading Co.,Ltd.ဟာလည်း ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ် လာ ၅ ဒသမ ၅ သန်းကျော်တန်ဖိုးရှိ မတ် ပဲတွေတင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ သန်းကျော် ပြန်လည်ပေးသွင်းခဲ့တာမျိုးမရှိဘူးလို့ ဖော်ပြထားပါတယ်။
အလားတူ Taw Thar Gyi Co.,Ltd. က ဒေါ်လာ ၉ ဒသမ ၃ သန်းကျော် ငွေသွင်းဖို့ကျန်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားတဲ့အပြင် Ocean Lion King Co.,Ltd.ကတော့ တင်ပို့ခဲ့တဲ့ ပဲတန်ဖိုး ဒေါ်လာ ၁ ဒသမ ၆ သန်းအတွက် ငွေပြန်သွင်းဖို့ ကျန်တယ်ဆိုပေမဲ့ ပမာဏအတိ အကျတော့ မဖော်ပြထားပါဘူး။
အဲ့ဒီကုမ္ပဏီက ဒါရိုက်တာ ၈ ဦးကို ကျူး လွန်ခဲ့တဲ့ ပြစ်မှုအလိုက်အရေးယူမယ့်အပြင် ပိုင်ဆိုင်မှုတွေကိုလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရပါ အရေးယူမယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Maha Nadi International Co.,Ltd. မှ ဒါရိုက်တာ ဦးရဲမင်းလွင်ဟာ သူ့ကုမ္ပဏီတွေ ပို့ကုန်/သွင်းကုန် လိုင်စင်ပိတ်သိမ်းခံရမှုအပေါ် မကျေနပ်လို့ ပဲအရောင်း အဝယ်လုပ်တဲ့ Viber Group ထဲမှာ မြန်မာ နိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတွေကို ရုန့်ရင်း ကြမ်းတမ်းစွာ ဆဲဆိုခြင်း၊အသက်အန္တရာ ယ်ခြိမ်းခြောက်တဲ့စာတွေ ရေးသားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ကုမ္ပဏီ ၁၉၇ ခုကို ပို့ကုန်ရငွေ ပြန်မသွင်းလို့ ဆိုပြီး ဗဟိုဘဏ်က အမည်ပျက်စာရင်း သွင်းထားပါသေးတယ်။
ဓာတ်ပုံ-MOI


