Homeပြည်တွင်းသတင်းကွတ်ခိုင်မှာ အသက် ၈ နှစ်အရွယ် ကလေးငယ် တဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရ

ကွတ်ခိုင်မှာ အသက် ၈ နှစ်အရွယ် ကလေးငယ် တဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရ

အောက်တိုဘာာ ၂၀၂၅

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)မှာ ကလေးငယ်တဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက် ညနေ ၃ နာရီအချိန်လောက်မှာ အသက် ၈နှစ်အရွယ် မ‌ရွှေငြိမ်းဟာ ရပ်ကွက် ၈ အတွင်း စာသင်ပြီး ကျောင်းအပြန် ဂေါက်ကွင်းလမ်းခုလတ်တွင် ရောက်နေချိန် အမျိုးသားတဦးက ချုံအတွင်း ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ကာ မရွှေငြိမ်းကို သတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

မရွှေငြိမ်းရဲ့ လည်ပင်းမှာ ဓားနဲ့ခုတ်ထားတဲ့ ဒဏ်ရာတချက်နဲ့ ဂေါက်ကွင်းအနီးက ချုံထဲမှာ အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံကိုလည်း အရေးယူနိုင်ရန် ဆက်လက်ရှာဖွေစုံစမ်းနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်ကလည်း နမ့်ဆန်မြို့နယ်မှာအသက် ၅ နှစ်အရွယ် ကလေးငယ်တဦးကို အစ်ကိုဝမ်းကွဲတော်စပ်သူတဦးက အဓမ္မပြုကျင့်ခဲ့တဲ့ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး