Homeပြည်တွင်းသတင်းစစ်​ကော်မရှင်ရဲ့ ထောင်ချောက်ကို တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်စွာနဲ့ကျော်လွှားဖို့ NUG တိုက်တွန်း

စစ်​ကော်မရှင်ရဲ့ ထောင်ချောက်ကို တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်စွာနဲ့ကျော်လွှားဖို့ NUG တိုက်တွန်း

၂၀ ဩဂုတ် ၂၀၂၅

စစ်​ကော်မရှင်ရဲ့ ထောင်ချောက်ကိုတော် လှန်ရေး အင်အားစုတွေ စုစည်းညီညွတ်စွာနဲ့ကျော်လွှားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ဩဂုတ်၂၀ ရက်မှာပြုလုပ်တဲ့ NUG ရဲ့ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းပြောကြားတဲ့အစီအစဉ်မှာ ပြည် ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။

ဦးနေဘုန်းလတ်က စစ်​ကော်မရှင်ဟာတရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ဟန်ပြပြုလုပ်ပြီး အာဏာတည်မြဲရေးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“၂၀၂၀ရွေးကောက်ပွဲရလဒ်အရပေါ် ပေါက်လာတဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ၂၀၂၁ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်တာကြောင့် ဒီအခြေခံဥပဒေအောက်ကနေလုပ်ဆောင်လျက်ရှိတဲ့ တ ရားမဝင်အတုအယောင်ရွေးကောက်ပွဲအပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ လုပ် ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ဥပဒေမဲ့လုပ်ရပ်တွသာဖြစ်တာကြောင့် ဒီလုပ် ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေအနေနဲ့ သတိချပ်ကြဖို့ သတိပေးလိုပါတယ်”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒါအပြင် စစ်ကော်မရှင်ဇွတ်အတင်းကြိုးပမ်းနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲအတွက် လက်မခံတဲ့တိုင်း ရင်းသားတော်လှန်းရေးအဖွဲတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ သဘော ထားတခုတည်းဖြစ်တယ်လို့ NUG က ဆိုထားပါတယ်။

စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက် ပွဲအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အာရက္ခတပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား တိုးတက်ရေးပါတီ (KNPP) စတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေကလက်မခံဘူးလို့ တရားဝင်ပြောကြားထားပါတယ်။

စစ်ကော်မရှင်ဟာပြည်သူကိုပစ်မှတ်ထားတဲ့လုပ်ရပ်တွေထဲကမှ ဩဂုတ် ၁ ရက်ကနေ ၁၄ရက်အထိ ၂ ပတ်အတွင်းမန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရခိုင် ပြည်နယ်တွေအပြင်တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာအရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုအနည်းဆုံး အကြိမ် ၅၀ ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။

ဓာတ်ပုံ- NUG

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး