Homeပြည်တွင်းသတင်းKNU ဌာနချုပ်ကို စစ်တပ်က ဗုံးအကြိမ်၂၀ နီးပါး ကျဲချတိုက်ခိုက်

KNU ဌာနချုပ်ကို စစ်တပ်က ဗုံးအကြိမ်၂၀ နီးပါး ကျဲချတိုက်ခိုက်

၁၁ ဩဂုတ် ၂၀၂၅

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို စစ်ကော်မရှင်လေတပ်က ဩဂုတ် ၁၀ရက် ညဦးပိုင်းမှာ လေ ကြောင်းကနေ ဗုံးအကြိမ်၂၀ နီးပါးဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ကရင်ပြည်နယ်၊ ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေအတွင်းက KNU ဌာနချုပ်အနီး မော်ပယ်ခို ကိုရီးယားဆေးရုံနှင့် သေ့ဘောထကြား ကလိုယော်လေးဒေသကို အဓိကကြဲချတိုက်ခိုက်ခဲ့တာလို့ New Day Myanmar သတင်းရင်းမြစ်က ဆိုပါတယ်။

“ညကတော့ Live တောင်လွှင့်လိုက်သေးတယ်။ ညီမတို့ ဒီဘက်ခြမ်းက(ထိုင်း) ဘက်ကနေ လှမ်းမြင်နေရတာ။ အသေ အပျောက်တော့ရှိနိုင်တယ်။ အခုထိ တော့ ဌာနချုပ်ဘက်က ထုတ်ပြန်တာမတွေ့သေးဘူး”လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေထိုင်းဘက်ခြမ်းကိုထွက်ပြေးခဲ့ကြရပြီး၊ ထိုင်းအာဏာပိုင်တွေက ယာယီခိုလှုံဖို့ နေရာထိုင်ခင်းတွေ စီစဉ်ပေးနေရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KNU ဘက် က သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးဘဲ New Day Myanmar အနေနဲ့ ထိခိုက်အခြေအနေကိုဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး