Homeပြည်တွင်းသတင်းရန်ကုန် လှိုင်မြို့နယ်မှာ YBS ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား

ရန်ကုန် လှိုင်မြို့နယ်မှာ YBS ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား

၁၀ ဧပြီ ၂၀၂၆ ၊ New Day Myanmar

ရန်ကုန် လှိုင်မြို့နယ် အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမပေါ် သီရိမင်္ဂလာဈေးသစ်အနီးမှာ ဒီကနေ့ ဧပြီ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှာ YBS ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ မီးလောင်ဖြစ်စဉ်မှာ မည်သည့် ယာဉ်လိုင်းက ယာဉ်ဖြစ်တယ်၊ ခရီးသည် ထိခိုက်သေဆုံးတာ ရှိ/မရှိကို ဒေသခံ လူမှုကူညီရေးအသင်းကို ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားပေးမယ့် တာဝန်ရှိသူ မရှိဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့က ရုံးအဖွဲ့ပါ။ ဥက္ကဋ္ဌက လမ်းကြောင်းထွက်သွားပါတယ်” လို့သာ ပြန်လည် ဖြေကြားပါတယ်။

မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ လှိုင်မြို့နယ် မီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် ၃ စီး ထွက်ခွာ ငြိမ်းသတ်ခဲ့ရပြီး ညနေ ၄ နာရီ ၃၃ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – MFSD

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး