Homeပြည်တွင်းသတင်းစစ်သုံ့ပန်းနှစ်ဦးကို ကွပ်မျက်ခဲ့တဲ့အပေါ် အရေးယူထားတယ်ပြောယုံနဲ့မလုံလောက်ပဲ အချက်အလက်နဲ့တကွ ထုတ်ပြန်ပေးဖို့ AA ကို Fortify Rights တောင်းဆို

စစ်သုံ့ပန်းနှစ်ဦးကို ကွပ်မျက်ခဲ့တဲ့အပေါ် အရေးယူထားတယ်ပြောယုံနဲ့မလုံလောက်ပဲ အချက်အလက်နဲ့တကွ ထုတ်ပြန်ပေးဖို့ AA ကို Fortify Rights တောင်းဆို

၂၅ ဇန်နဝါရီ ၊၂၀၂၅

စစ်ကောင်စီရဲ့ စစ်သုံ့ပန်းနှစ်ဦးကို ရခိုင့်တပ်တော် AA တပ်သားနှစ်ဦးက ကွပ်မျက်ခဲ့တဲ့ရုပ်သံနဲ့ပတ်သက်ပြီး အပေါ် AA အနေနဲ့ အရေးယူထားတယ်ပြောရုံနဲ့မလုံလောက်ပဲ အချက်အလက်နဲ့တကွ ထုတ်ပြန်ပေးဖို့ AA ကို Fortify Rights တောင်းဆိုလိုက်ပါတယ်။

Fortify Rights ရဲ့ ထုတ်ပြန်ချက်ကို တုံ့ပြန်တဲံအနေနဲ့ ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခသက ဗီဒီယိုတွေဟာ စစ်မှန်မဖြစ်ကြောင်းကို အသိအမှတ်ပြုထားသလို သတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး၊ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိဘူးလို့လည်း Fortify Rights က ထောက်ပြပြောဆို ထားပါတယ်။

“တာဝန်ရှိတဲ့သူတွေ အပြစ်ပေးခံရတယ်လို့ ရိုးရှင်းစွာပြောရုံနဲ့ မလုံလောက်ပါဘူး။ ၎င်းတို့မှာ မည်သူမည်ဝါဖြစ် ကြောင်းနှင့် မည်သည့်ပုံစံဖြင့် တာဝန်ယူမှုအရေးယူမှုတွေ လုပ်ဆောင်ခဲ့ကြောင်း AA အနေနဲ့ အသေး စိတ် အချက် အလက်တွေကို နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေကို နှောင့်နှေးမနေဘဲ ပေးဆောင်သင့်တယ်။” ဟုလို့ Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ပြောဆိုထားပါတယ်။

BBC Burmese မှမေးမြန်းမှုကို ဦးခိုင်သုခမှ “ဘာကြောင့်လဲဆိုရင် သူတို့မိသားစုဝင်တွေကို မတရားဖမ်း ဆီးနှိပ်စက် သတ်ဖြတ်ထားတဲ့ မြန်မာ အကြမ်းဖက် စစ်သားတွေကို သူတို့ဖမ်းမိတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဒေသခံ ပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲ အခုလိုမျိူး လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက်ကာ ကျူးလွန်မိတာ ဖြစ်ပါတယ်” လို့ ပြောဆိုထားတယ်လို့လည်း ၎င်းဆိုပါတယ်။

ပေါက်ကြားခဲ့တဲ့ ဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး Fortify Rights ရဲ့ စိစစ်လေ့လာတွေ့ရှိမှုကို သတင်းထုတ် ပြန်ပြီးနောက် ရက္ခိုင့်တပ်တော် (AA) အနေနဲ့ စစ်သားတွေက စစ်သုံ့ပန်းနှစ်ဦးကို ကွပ်မျက်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပေမယ့် ဖြစ်စဉ်အပေါ် AA အနေနဲ့ နှောင့်နှေးခြင်းမရှိဘဲ နိုင်ငံတကာ တရားစီရင်ရေးယန္တရားတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

Photo – AA

Related News

Most Read