Homeပြည်တွင်းသတင်းပလက်ဝမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်သူကို AA လက်အောက်ခံ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီး

ပလက်ဝမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်သူကို AA လက်အောက်ခံ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီး

၂၁ နိုဝင်ဘာ ၂၀၂၅

ပလက်ဝမြို့နယ်မှာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို အာရက္ခတပ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS)က နိုဝင်ဘာလ ၁၉ ရက် ကဖမ်းဆီးခဲ့ပါတယ်။

အဲဒီပလက်ဝမြို့နယ်၊ ဒလက်ကိုင်းကျေးရွာမှ အမျိုးသားတဦးဟာ အသက်ဆယ့်ခြောက်နှစ်အရွယ် အမျိုးသမီးငယ်တဦးကို အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီမြောက်ဦးမြို့နယ်၊ ပြည်လုံးကြီးရွာမှ အသက်လေးဆယ်ခြောက်နှစ်အရွယ် ဦးထွန်းလှိုင်ဟာ နိုဝင်ဘာလ ၉ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်က သူမကိုရွာရဲ့မြောက်ဖက်ရှိ တောစပ်ကိုဆွဲခေါ်ကာသုံးကြိမ်ထိ အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့်ဖခင်ဖြစ်သူဟာ နိုဝင်ဘာလ ၉ ရက်နေ့က အာရက္ခတပ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS)ကို အရေးယူပေးဖို့တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတရားခံဦးထွန်းလှိုင်ကို (DLEPS) အဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့၊ ည ၈ နာရီအချိန်မှာ သူရဲ့နေအိမ်မှဖမ်းဆီးစစ်ဆေးဖို့သွားရာ ဓားနဲ့ပြန်တိုက်ခိုက်ခဲ့ပေမယ့် ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အတင်းအဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးငယ်ကို ဆေးစစ်ဖို့ခေါ်ထားပြီး တရားခံဦးထွန်းလှိုင်ကို သက်ဆိုင်ရာ (DLEPS) ဌာနက အမှုအမှတ် (ပ)၄၆ /၂၀၂၅ ပုဒ်မ- ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

Photo – APM

News – BNA

Related News

Most Read