Homeပြည်တွင်းသတင်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် နှစ်လအတွင်း အမျိုးသမီး (၁၀၀)ကျော် သေဆုံးခဲ့ရ

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် နှစ်လအတွင်း အမျိုးသမီး (၁၀၀)ကျော် သေဆုံးခဲ့ရ

၇ မတ်၊၂၀၂၅

စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် နှစ်လအတွင်း အမျိုးသမီး (၁၀၀) ကျော်သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ် ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက် အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ် အုပ်စု ကြောင့် အမျိုးသမီး (၁၁၈) သေဆုံးခဲ့တာကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါသေဆုံးစာရင်းအတွင်း အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၇) ဦး ပါဝင်နေတယ်လို့လည်း ဆိုထားပါတယ်။

သေဆုံးမှုအများဆုံးမှာ စစ်ကိုင်းတိုင်းမှာ (၂၆) ဦးနဲ့ ပအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၂၄) ဦးနဲ့ သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ကြောင်းနဲ့ အဆိုပါ (၁၁၈) ဦးအတွင်း သေဆုံးရတဲ့ အကြောင်းအရင်းအနေနဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် (၉၂) ဦး နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၂၁) ဦးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့အထိ ပြည်သူစုစုပေါင်း (၆၃၈၁) ဦးသေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ AAPP ရဲ့ကောက်ယူထားတဲ့စားရင်းတွေအရ သိရပါတယ်။

Photo- PSLF/TNLA

Related News

Most Read